နိုဝင်ဘာ(၂၃)ရက်နေ့မနေ့က နေ့လယ် ၃ နာရီခန့် ဇေယျဝတီမြို့၊ မြို့မ (၁)ဒီမိုရပ်ကွက် အနီးတွင် အက်ဆစ်ပုံးများသယ်ဆောင်လာတဲ့ယာဉ်ပေါ်မှအက်ဆစ်ပုံးများပြုတ်ကျကာ ဆိုင်ကယ်စီးလာသူနှစ်ဦး အက်ဆစ်လောင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါဆာလဖြူရစ်အက်ဆစ်ပုံးများ တင်ဆောင်လာသည့် ၁၈ဘီး ယာဉ်ဟာ ဆိုင်ကယ်တစ်စီးကိုတိမ်းရှောင်ရာမှ အက်ဆစ်ပုံးအချို့ ပြုတ်ကျခဲ့သည့်အတွက် လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။

ကနဦးအစမှာကားမှောက်တယ်ဆိုပြီးပြောနေကြတာဖြစ်ပြီးတကယ်တော့မဟုတ်ပါဘူးဆိုင်ကယ်ကိုရှောင်လိုက်လို့ ကားပေါ်မှာတင်ထားတဲ့အက်ဆစ်ပုံး(၉)ပုံးပြုတ်ကျသွားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့၎င်းယာဉ်အနီးကဆိုင်ကယ်စီးလာတဲ့လင်မယားနှစ်ယောက်ပေါ်အက်စစ်တွေကျခဲ့လို့ဆေးရုံတင်ပေးထားပါတယ်ဖြူးမြိုကမရဲစခန်းမှ ရဲမှူးမြင့်လွင်သန်းကပြောပါတယ်။ ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ ဇေယျဝတီမြို့ မြို့မ(၃)တွင် နေထိုင်သူနှစ်ဦးဖြစ်ပြီး အက်ဆစ်စင်ခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ရတယ်လို့သိရပါတယ်။

အဆိုပါအက်ဆစ်ပုံးများဟာ ရန်ကုန်မြို့အလုံဆိပ်ကမ်းမှ ကြေးစင်တောင်/စံပယ်တောင်သိုု့ ပို့ဆောင် ရန်အတွက် သယ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါယာဉ်မောင်းနှင်လာတဲ့ယာဉ်မောင်းဖြစ်သူကိုဇေယျဝတီရဲစခန်းတွင်ယာဉ်(ပ)ရာဇသက်ကြီးပုဒ်မ၃၃၈/၂၈၄(အခြားသူအသက်ကိုဘေးဖြစ်စေမှု/အဆိပ်ရှိသောအရာဝတ္ထုနှင့်ပတ်သက်၍ပေါ့လျော့ ခြင်း)ဖြင့် အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - 7 Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။