နာမည်ကြီး အဆိုတော် ချမ်းချမ်းနဲ့ ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်တို့ရဲ့ လမ်းခွဲပြတ်ဆဲမှုဟာ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လို့နေပါတယ်။ မနေ့က နိုဝင်ဘာ (၂၄) ရက်နေ့ သတင်းစာမှ အဆိုတော် ချမ်းချမ်းဘက်မှ ကွာရှင်းပြတ်ဆဲကြောင်းကို အတိအလင်းကြေညာခဲ့ပြီး ဖော်ပြပါ အချက်အလက်တွေထဲမှာ သူတို့နှစ်ဦးဟာ ဇူလိုင်လ (၁၇) တည်းက မိဘတွေရှေ့မှာ ကွာရှင်းခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

ပရိသတ်တွေကတော့ အဆိုတော် ချမ်းချမ်းအတွက် စိတ်မကောင်းဖြစ်နေကြပြီး ဘာ့ကြောင့် ကွာရှင်းခဲ့ရသလည်းဆိုတာကိုလည်း ချမ်းချမ်းက သူမရဲ့ လူမှုစာမျက်နှာကနေ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ ယခုလတ်တလောမှာတော့ ချမ်းချမ်းရဲ့ မကွာရှင်းမီတစ်လအလိုက status တစ်ခုဟာ တစ်ခုခုကိုကြိုသိနေတဲ့ သူမအတွက် ပရိသတ်တွေက ပိုပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ အပြင်မှာ မုန့်ထွက်စားရင် သူမရေးသားထားခဲ့တာကတော့......

"အခုလိုညမျိုး ကျမဘဝမှာ အကြိမ်ကြိမ်ရဖူးသော်လဲ မကြုံဖူးသလိုတန်ဖိုးထားမိနေပြန်တယ်။သူနဲ့ကျမ နှစ်ယောက်တည်း အခုလို

ဘာစကားမှမပြောဖြစ်လှပေမဲ့ တယောက်စိတ်တယောက်သိပြီးတယောက်သဘောတယောက်ပေါက်နေတော့လဲ ...when u say nothing at all..ဆိုတဲ့သီချင်းလေးက ကျမတို့ရဲ့ဒီညလေးကို သရုပ်ဖော်ပေးနေသလိုပဲ။မောင်နဲ့ကျမ အနှစ်တရာတူတူမနေရနိုင်ပေမဲ့ဒီလို အခိုက်အတန့်လေးတွေသာရှိရင်

တခါပဲကြုံ ကျမကျေနပ်ပါတယ်။...အရာအားလုးံဒီညမှာတိတ်ဆိတ်လွန်းတယ်...မောင်!!" ဆိုပြီး ရေးသားထားခဲ့ပါတယ်။ 

Source: Chan Chan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။