ယမန်နေ့ညကတော့ စပိန်လာလီဂါ ပွဲစဉ်များ ကစားခဲ့ပါတယ်။ စပိန်လာလီဂါ၏ထိပ်ဆုံးမှာ ရပ်တည်နေတာက ဘာစီလိုနာပါ။ ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ ဗလင်စီယာပါ။ အဆိုပါ နှစ်သင်းက ရင်ဆိုင်ကစားခဲ့ပါတယ်။

ဘာစီလိုနာတို့အနေဖြင့် ဗလင်စီယာတို့၏အိမ်ကွင်းမှာ ကစားခဲ့တာပါ။ နှစ်သင်းစလုံးကတော့ အတောင့်တင်းဆုံးအင်အားနှင့်ပွဲထွက်လာပါတယ်။ ပွဲစတယ်ဆိုတာနှင့် ၂သင်းစလုံးတိုက်စစ်ဖွင့်ခဲ့ပါတယ်။ ပွဲကတော့ အလွန်ကို ကြည့်ကောင်းခဲ့ပါတယ်။

ပွဲချိန် ၂၉မိနစ်မှာ မက်ဆီ၏ ကန်ချက်က ဂိုးဆီကိုကျော်ကာဝင်သွားသော်လည်း ဗလင်စီယာဂိုးသမားကအလျင်အမြန်ပုတ်ထုတ်လိုက်သောကြောင့် ဒိုင်ကအမြင်မှားကာ ဘာစီလုနာကို ဂိူးမပေးခဲ့ချေ။ ဒုတိယပိုင်း မိနစ်၆၀မှာ ဗလင်စီယာတို့ ဦးဆောင်ဂိုးရခဲ့ပြီး ရိုဒရီုဂိုက အနီးကပ်သွင်းယူခဲ့တာပါ။ ဘာစီလုနာတို့အနေဖြင့် ဦးဆောင်ဂီုးပေးရပြီးနောက် ချေပဂိုးရရန် ပိုမိုတိုက်စစ်ဆင်လာခဲ့ပါတယ်။ ပွဲချိန် ၈၂မိနစ်မှာ အယ်လ်ဘာက မြေမကျပိတ်ချက်ဖြင့် ဘာစီလုနာအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ ပွဲအပြီးမှာတော့ တစ်ဘက်တစ်ဂိုးစီနှင့် သရေကျခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။