ယူ-၁၉အသင်းတိုက်စစ်မှှုးဝင်းနိုင်ထွန်းကို

အောင်သူနေရာဆက်ခံမယ် ့သူအဖြစ်သတ်မှတ်ထားကြပါတယ်။

မနေ ့ကယူ-၂၃အသင်းနဲ့မွန်ဂိုလိးယားပွဲမှာလည်း

လစ်လပ်သွားတဲ့အောင်သူရဲ့နေရာမှာ

သူအစားထိုးဝင်ရောက်ခဲ့ပါတယ်။

ဒါကမြန်မာ ့လက်ရွေးစင်ယူ-၂၃မှာပါ။

ဒါ ့အပြင်အောင်သူရဲ့ကလပ်ရတနာပုံကလည်း

ထိုင်းကိုပြောင်းသွားတဲ့အောင်သူနေရာမှာဝင်းနိုင်ထွန်းကို

ခေါ်ယူမယ်လို ့သတင်းထွက်နေပါတယ်။

ရတနာပုံအသင်းဟာလာမယ် ့ရာသီမှာ

ပြည်တွင်းကစားသမားတွေနဲ့သာယှဉ်ပြိုင်သွားမယ်လို ့သိရပါတယ်။

လောလောဆယ်ရတနာပုံနဲ့သတင်းထွက်နေသူက

လူငယ်ကြယ်ပွင် ့ဝင်းနိုင်ထွန်းဖြစ်ပြီး

သူနဲ့တွဲဘက်တိုက်စစ်မှှုး ပြည် ့စုံနိုင်ကိုပါ

ခေါ်ယူမယ်လို ့ကြားနေရပါတယ်။သူတို ့နှစ်ယောက်ရဲ့

အပြောင်းအရွှေ ကိုတော ့ရတနာပုံအသင်းက

MFF အကယ်ဒမီနဲ့ညိနှိုင်းခေါ်ယူရမှာပါ။

၀င်းနိုင်ထွန်းတို ့နှစ်ယောက်အပြင် ချင်းယူနိုက်တက်

အသင်းနောက်ခံလူနှင့်တောင်ပံကစားသမားများဖြစ်သည့်

တလန်ဟုပ်ထန်၊ ဘီဘီတို ့ကိုပါခေါ်ယူမယ်လို ့ကြားသိရပါတယ်။

အားနည်းနေတဲ့ဂိုးနေရာအတွက်တော ့ရခိုင်အသင်းဂိုးသမား ချမ်းငြိမ်းကျော်

ကို ခေါ်ယူရန်သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။မဟာ

ပြိုင်ဘက်ကြိးရန်ကုန်ကလည်းခပ်သွက်သွက်လှုပ်ရှားနေတာတွေ့ရပြီး

နာမည်ကြီးတောင်ပံကစားသမားမောင်မောင်လွင်ကိုခေါ်ယူထားတာ

တွေ့ရပါတယ်။

Source-Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။