မင်းသမီးချောလေး ဆုအိမ့်စံဟာ အသိတစ်ယောက်ရဲ့ မင်္ဂလာလက်ထပ်ပွဲမှာ ပန်းကြဲပေးခဲ့တယ်လို့ သိရပါတယ်..။

သူမအနေနဲ့ မင်္ဂလာဆောင်မှာ ပန်းကြဲပေးတာ ပထမဆုံးဖြစ်တဲ့အတွက် စိတ်လှုပ်ရှားပြီး ရင်တောင်တုန်တယ်လို့ ဆိုပါတယ်..။

မင်းသမီးချောလေး ဆုအိမ့်စံက သူမရဲ့ fb စာမျက်နှာမှာ “ဖေဖေနဲ့မေမေ ရဲ့သူငယ်ချင်း သမီး မင်္ဂလာဆောင် မှာ ပန်းကျဲပေးရတာ ပထမဦးဆုံးပဲ ရင်တောင်တုန်တယ်..” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

မင်္ဂလာဆောင်မှာ ပန်းကြဲအဖြစ် ပါဝင်ကူညီပေးခဲ့တဲ့ မင်းသမီးချောလေး ဆုအိမ်စံကတော့ ပန်းရောင်ဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လေးနဲ့ပဲ ချစ်စရာကောင်းနေပါတယ်..။

မင်းသမီးချောလေး ဆုအိမ့်စံဟာ သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို သူမရဲ့ fb စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေ အမြဲ မျှဝေလေ့ရှိတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း မင်္ဂလာဆောင်မှာ ပန်းကြဲပေးခဲ့တဲ့ သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် မျှဝေလိုက်တာ ဖြစ်ပါတယ်..။

ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြု ချစ်ခင်အားပေးမှုတွေကို လက်ခံရရှိထားသူလည်း ဖြစ်ပါတယ်..။

အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မင်းသားချော သူရိယနဲ့ ချစ်သူတွေ ဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးထားပြီး အခမ်းအနားပွဲတော်တော်များများမှာလည်း နှစ်ယောက်အတူတူ ပွဲတတ်ရောက်ကြတာကို တွေ့ရပါတယ်..။

မင်းသမီးချောလေး ဆုအိမ့်စံရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ အခမ်းအနားပွဲများ တတ်ရောက်ခြင်း ၊ ဓာတ်ပုံ၊ မဂ္ဂဇင်း ကြော်ငြာများလည်း ရိုက်ကူးထားပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - ဆုအိမ့်စံ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။