ပဉ္စလက်ရွာ ဇာတ်ကားမှာ ရေဝတီအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံလိုက်ရတဲ့ အလှမယ် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ အရိုးရှင်းဆုံးက အလှဆုံးမို့ ရိုးရိုးလေးသာ ဝတ်မယ်လို့ ဆိုပါတယ်..။

ပဉ္စလက်ရွာ ဇာတ်ကားလေးနဲ့ ပရိသတ်ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့ပြီး ရေဝတီဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးတစ်လက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ သူမရဲ့ ကျေးတောသူလေးတစ်ယောက်အဖြစ် သဘာဝကျကျသရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေ အားပေးနှစ်ခြိုက်မှုတွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

ရေဝတီ အဖြစ် ပရိသတ်တွေ ချစ်ခင်ကြတဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းကတော့ သူူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ပရိသတ်တွေကို အမြဲ မျှဝေလေ့ရှိတာ တွေ့ရပါတယ်..။

အခုတစ်ခေါက်မှာလည်း သူမရဲ့ မြန်မာဆန်ဆန် ရိုးရိုးလေးနဲ့ ချစ်စရာကောင်းနေတဲ့ သူမရဲ့အလှဓာတ်ပုံလေးတွေကို တင်ပြီး ပရိသတ်တွေ မျှဝေလိုက်တာ ဖြစ်ပါတယ်..။

မြန်မာဆန်ဆန်နဲ့ အေးဆေးတည်ငြိမ်နေတဲ့ ချစ်စရာ ပုံရိပ်လေးတွေနဲ့အတူ သူမကတော့ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်..။

အလှမယ်တစ်ဦးအဖြစ်မှ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ပြုလုပ်နေတာ တွေ့ရပါတယ်..။

ဇာတ်ကားတွေ အဆက်မပြတ်ရိုက်ကူးနေတဲ့ သူမဟာ “အရိပ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း သူနာပြုဆရာမလေး ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်..။

လတ်တလောမှာလည်း ဇာတ်ကားများ ရိုက်ကူးနေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်းနှင့် ကြော်ငြာများလည်းရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - နန်းစန္ဒာလှထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။