သီဟထက်အောင်ကိုနောက်ဆုံးအကြိမ်သတိပေးတဲ့ရန်ကုန်နည်းပြ

စည်းကမ်းပိုင်းဆိုင်ရာပြသနာတွေရှိနေတဲ့ရန်ကုန်ယူနိုက်တက်

ကစားသမားသီဟထက်အောင်နောက်ဆုံးအကြိမ်အခွင် ့အရေး

ပေးမယ်လို ့ရန်ကုန်နည်းပြခ ျုပ် ဦးမ ျိုးမင်းထွန်းကပြောပါတယ်။

သီဟထက်အောင်ဟာမွန်ဂိုလီးယားနဲ့ခြေစွမ်းပွဲမှာလည်း

ကစားသမားမပီသတဲ့အပြုအမူတွေပြုလုပ်ခဲ့တာကြောင် ့

ဝေဖန်ခံနေရတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဒိလိုသတင်းတွေထွက်ပေါ်နေတာဟာသူ ့အတွက်မကောင်းပါဘူး။

“သီဟထက်အောင်နဲ့ ပတ်သက်ရင် လက်ရှိမြန်မာဘောလုံးသမားတွေထဲမှာ သူ့အသက်အရွယ်နဲ့ သူ့လောက်

နောက်ခံလူ နေရာမှာကစားနိုင်တဲ့သူမရှိပါဘူး။

စည်းကမ်းပျက်တဲ့သူလည်းမရှိပါဘူး။ ကျွန်တော်တို့လည်း အဖက်ဖက်ကနေထိန်းတယ်။

စည်းကမ်းပိုင်းတိုးတက်အောင်၊ လေ့ကျင့်မှု တွတိုးတက်

အောင် လုပ်ပေးပေမယ့် သူ့ဘက်က မလိုက်နိုင်ဘူး။

သူပြောနေကျစကားရှိတယ်။ ဘောလုံးတော့ကန်ချင်တယ် ထရိန်နင်မလုပ်ချင်ဘူးတဲ့။

လေ့ကျင့်ရေးမဆင်းချင်တဲ့ကစားသမားကတော့

မကစားတာကောင်းတယ်လို့ပဲကျွန်တော်ကတော့

ထင်တယ်။ လက်ရွေးစင်မှာကတော့ ပွဲနီးမှ ေ

လ့ကျင့်ရေးလုပ်ရတာကြောင့်အဆင်ပြေပေမယ့်

ကလပ်မှာတော့ တစ်ပတ်လုံးလေ့ကျင့်ရေးဆင်းပြီး

တစ်ပွဲကန်ရတာတစ်နှစ်လုံးနီးပါးဆိုတော့ အဆင်မပြေဘူး။ သူ့ကို ကျွန်တော်အခွင့်အရေးတစ်ကြိမ်ထပ်ပေးမယ်လို့

ဆုံးဖြတ်ထားပါတယ်။ အရင်ကလည်းဒီလို

အခွင့်အရေး (၂)ကြိမ်၊ (၃) ကြိမ်ပေးခဲ့ပြီး ပါပြီ။

ဒီတစ်ကြိမ်စည်းရုံးလို့မှ အဆင်မပြေရင်တော့

အသင်းတာဝန်ရှိသူတွေနဲ့ ထပ်ပြီးအနာဂတ်အတွက်

စဉ်းစား ဖို့ပဲရှိပါတယ်” ဟု နည်းပြဦးမျိုးမင်းထွန်းက

ပြောကြားခဲ့တယ်လို ့သိရပါတယ်။

သိဟထက်အောင်အနေနဲ့သူ ့အကျင် ့တွေကိုပြင်မယ်

ဆိုပြီးလူမျုကွန်ယက်ကနေကတိခံခဲ့ပါတယ်။

မြန်မာနည်းပြဂတ်ကတော ့သိဟထက်အောင်ကို

ကိုယ်တိုင်ပြုပြင်မှပဲရမယ်လို ့သတိပေးခြ့ပါတယ်။

သီဟထက်အောင်တစ်ယောက်အကျင် ့ဆိုးတွေကိုအမြန်ဆုံးပြုပြင်ပြီး

ပိုမိုတောက်ပလာနိုင်ပါစေလို ့.....

Source-YUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။