အာဆင်နယ်ကစားသမား အိုဇေးက မကြာခင်အသင်းနှင့် စာချုပ်ကုန်တော့မှာပါ။ အိုဇေးအနေဖြင့် အောင်မြင်မှုတွေ ပျောက်ဆုံးနေတဲ့ အာဆင်နယ်မှာမပျော်ပုံရပါတယ်။ ဒါ့ကြောင့် အသင်းကြီးအချို့က အိုဇေးကိုခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ အဆိုပါ အသင်းတွေထဲမှာ မန်ယူ၊ ဘာစီလိုနာ နှင့် ရီးရဲမက်ဒရစ်တို့ ပါ၀င်ပါတယ်။ 

ဒီရက်ပိုင်းမှာ ဘာစီလိုနာအသင်းဟာ အာဆင်နယ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မီစွတ်အိုဇေးကို ယူရိုသန်း ၂၀နဲ့ ဇန်နဝါရီ်အပြောင်းအရွေ့မှာခေါ်ယူဖို့ပြင်ဆင်နေပြီဆိုတဲ့သတင်းတွေအတော်လေး ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာပါ။ သို့သော် ရီးရဲယ်မက်ဒရစ်စတားဆာဂျီယိုရာမို့စ်ကအာဆင်နယ်နဲ့စာချုပ်သက်တမ်းတိုးဖို့အဆင်မပြေဖြစ်နေတဲ့မီဆွတ်အိုဇေးအနေနဲ့ပြိုင်ဘက်ဘာစီလိုနာအသင်းကိုလာမည့်ဇန်နဝါရီမှာငြင်းပယ်ရန်တိုက်တွန်းလိုက်ပါတယ်။ 

ဒါ့အပြင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကလည်း အိုဇေးကိုမခေါ်ယူဖို့ ဘာစီလိုနာအသင်းကို ပြောခဲ့ပါတယ်။ ဒါ့ကြောင့် အိုဇေးအနေဖြင့် လိဂ်ပြိုင်ဘက် မန်ယူကို လာနိုင်တယ်လို့ တချိုကယူဆနေကြပါတယ်။ အသင်းရဲ့ဂန္တဝင်ကစားသမားကြီး အီရန်ရိုက်က မီစွတ်အိုဇေးရဲ့မန်ယူအသင်းကိုအပြောင်းအရွေ့ကိစ္စရပ်ဟာဖြစ်နိုင်ခြေအတော်များတယ်လို့ဆိုပါတယ်။ မန်ယူနည်းပြမော်ရင်ညိုဟာ အိုဇေးကိုုကြိုက်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့် အလွတ်ပြောင်းရွေ့ကြေးနဲ့သာရရင်သေချာပေါက်ခေါ်ယူသွားမယ်လို့ထင်ကြောင်းသူကထပ်လောင်းပြောကြားပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။