သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ နေဒွေးဟာ ပရိတ်သတ်အခိုင်အမာရရှိထားပြီး အောင် မြင်တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်တာမို့ အားပေးသူ ပရိတ်သတ်တွေကလည်းအများအစားပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နေဒွေးရဲ့ Post တစ်ခုမှာ Comment ပေးသူတစ်ဦးက ရိုင်းစိုင်းစွာပြောဆိုလိုက်တာကြောင့် နေဒွေးအ နေနဲ့စိတ်ရှုပ်ထွေးခဲ့ရပါသေးတယ်။ Comment ပေးသူဟာပြန်လည်တောင်းပန်ခဲ့တဲ့ အတွက် အခြေအနေက ပြေလည်သွားပြီ ပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေဒွေးရိုက်ကူးထားတဲ့ Video ဇာတ်ကားဖြစ်တဲ့ “ ဓါးမြ ဒုက္ခသည်များ ” ဆိုတဲ့ဇာတ်ကားလေးဟာ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ ဇာတ်ကားထွက်ရှိလာပေမယ့်နေဒွေး အတွက် စိတ်ညစ်စရာကိစ္စတစ်ချို့ကြုံတွေ့ခဲ့ပုံရပါတယ်။ ဆင်ဆာတွေအများအပြားဖြတ်ခဲ့တာ ကြောင့်ဇာတ်ကားရဲ့လင့်တွေပျက်ခဲ့ရပြီး နယ်ကိုမဖြန့်ခင်ကတည်းက ဇာတ်ကားဟာ အွန်လိုင်း ပေါ်မှာ ရောက်နှင့်နေပြီးသားဖြစ်လို့နေပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် နေဒွေးတစ် ယောက် စိတ်ညစ်နေပါတယ် ပရိတ်သတ်ကြီးရေ။

နေဒွေးက သူ့ရဲ့ Facebook မှာ " ဒီနေ့ထွက်တဲ့ကားလေးပါ ဖြတ်နိုင်လွန်းတဲ့ဆင်ဆာများ ကြောင့် ကားရဲ့လင့်တွေအကုန်ပျက် နယ်ဖြန့်ထဲကအွန်လိုင်းပေါ်ရောက်ပီးသားကားဖြစ်နေ စိတ်ညစ်ရပါတယ် " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေရဲ့အကြောက်ဆုံးအရာ က ဆင်ဆာဖြစ်ပြီး ဒီပြဿနာကို သရုပ်ဆောင်တော်တော်များများ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါ တယ်။ နေဒွေးစိတ်ညစ်နေတာတွေပြေပျောက်သွားစေဖို့ ပရိတ်သတ်ကြီးက ဇာတ်ကား သစ် လေးကို အားပေးလိုက်ပါဦးနော်။

Source – Nay Dway’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။