မကြာသေးမီက မင်းသား Mario Maurer နဲ့ ပတ်သက်ပြီး ကောလဟာလ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ မင်းသား Mario က မင်းသမီး Mai Davika နဲ့ သူမ ရဲ့ တိုက်ခန်းမှာ တိတ်တဆိတ် တွေ့ဆုံခဲ့တယ် လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ မင်းသား Mario ကတော့ သူ့ရဲ့ ချစ်သူက သူ့ကို ယုံကြည်ပေးတဲ့ အတွက် ပျော်ရွှင်မိတယ် လို့ ဆိုပါတယ်။

ရုပ်ရှင်ကားသစ် Buang Bunjathorn မှာ သူတို့ နှစ်ယောက် အတူတူ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးမှာ အတူတူ သရုပ်ဆောင်ပြီးနောက် မင်းသား Mario Maurer နဲ့ မင်းသမီး Mai Davika တို့ အတူတူ တိတ်တဆိတ် တွေ့ဆုံ ခဲ့ကြတယ် ဆိုပြီး ပရိသတ်တွေကြား ပျံ့နှံ့နေခဲ့တာပါ။ ဒီသတင်းကို မင်းသား Mario သိရှိပြီးချိန်မှာတော့ အဲ့ဒီ့ အကြောင်း သူ့ရဲ့ချစ်သူ ကို အရွှမ်းနောက်ပြီး ပြောဆိုခဲ့တယ်လို ဝန်ခံပြောဆိုခဲ့ပါတယ်။ သူမ က Mario ကို ဒီသတင်းနဲ့ ပတ်သက်ပြီး စနောက်ခဲ့ပါသေးတယ် လို့ ဆိုပါတယ်။

ဒီဇာတ်ကားသစ်လေး ဖြစ်တဲ့ Buang Bunjathorn ဟာ လည်း ပရိသတ် ကြိုက်နှစ်သက်မှု အများကြီး ရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။ မင်းသား Mario ဟာ နောက်ထပ် ဇာတ်လမ်းသစ်ဖြစ်တဲ့ Thong Aek Mor Yah Tah Chalong ဆိုတဲ့ ဇာတ်ကားမှာ မင်းသမီး Kimmy နဲ့ တွဲဖက်သရုပ်ဆောင်မှာပါ။ မင်းသား Mario အနေနဲ့ မင်းသမီး Kimmy နဲ့ ပထမဆုံးတွဲဖက်သရုပ်ဆောင်ခြင်းလည်းဖြစ်ပါတယ်။ မင်းသား Mario က ဒီဇာတ်ကားမှာ ပါ၀င်ဖို့ သူ့အနေနဲ့ ဇာတ်ညွှန်း ကို ဖတ်ကြည့်ပြီးပြီလို့ ဆိုပါတယ်။

Source: Thai Entertainment News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။