မော်လ်ဒယ် သရုပ်ဆောင် အွန်ဆိုင်းကတော့ သူမရဲ့ ဘဝမှာ ဒီနေ့လေးဟာ ဘဝမှာ အပျော်ဆုံးနေ့တွေထဲက တစ်နေ့ပါလို့ ဆိုပါတယ်..။

ယနေ့ နိုဝင်ဘာ(၂၉)ရက်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဆုတောင်းပွဲလေးကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်..။

အဆိုပါ ဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင် တတ်ရောက်ကာ ပြည်သူလူထုနဲ့ တွေ့ဆုံတဲ့ပွဲလည်းဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် အမြောက်အများ တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ ကက်သလစ်သာသနာရဲ့ (၂၆၆) ပါးမြောက် ဖြစ်ပြီး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ရှိကာ နိုဝင်ဘာ(၂၇)ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်..။

နိုဝင်ဘာ (၂၈)ရက်နေ့မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး ယနေ့ နိုဝင်ဘာ(၂၉)ရက်နေ့မှာတော့ ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်…။

အဲ့ဒီဆုတောင်းပွဲဟာ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဆုတောင်းပွဲဖြစ်ပြီး သူမကလည်း တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..

အွန်ဆိုင်းဟာ ထိုဆုတောင်းပွဲကို တတ်ရောက်ခဲ့တဲ့ သူမအတွက် ဒီနေ့ရက်လေးဟာ အပျော်ဆုံးနေ့တွေထဲက တစ်နေ့ဖြစ်တယ်လို့ သူမရဲ့ Fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

သူမ အသုံးပြုတဲ့ fb စာမျက်နှာမှာတော့ ဓာတ်ပုံလေးတွေတင်ကာ သူမရဲ့ အပျော်လေးတွေလည်း အခုလို ရေးသားမျှဝေထားတာ တွေရပါတယ်..။

“ဘဝမှာ အပျော်ရွှင်ဆုံး နေ့တွေထဲက တစ်နေ့

အားလုံး အတွက်လည်း ဆုတွေတောင်းခဲ့ပေးတယ်.. Ps ပုံတင်ပြီးရင်အိပ် ပြီ နှစ်နာရီ လောက်ဘဲအိပ်ရသေးတယ်

Forever grateful for God's grace..” ရေးသားထားတာ ဖြစ်ပါတယ်..။

Source - အွန်ဆိုင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။