ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ လေး ကတော့ မင်းသမီး Song Hye Kyo ရဲ့ ၃၆ နှစ်မြောက် မွေးနေ့ပါ။ Song Song စုံတွဲကတော့ ဆိုးလ်မြို့ Itaewon မှာ ရှိတဲ့ Grand Hayatt ဟော်တယ် မှာ မင်းသမီး ရဲ့ အေဂျင်စီ က သူငယ်ချင်းတွေ နဲ့ အတူ ညစာ စားခဲ့ကြပါတယ်။ ဒီ မွေးနေ့ပွဲလေးဟာ Song Joong Ki နဲ့ Song Hye Kyo တို့ လက်ထပ်ပြီးစ ကြင်စဦး ဇနီးမောင်နှံ အနေနဲ့ ပထမဆုံး ဆင်နွှဲခဲ့တဲ့ မွေးနေ့ပွဲလေးပါ။ အရမ်းကို ကြည်နူး ပျော်ရွှင် ဖို့ကောင်းတဲ့ ဇနီးမောင်နှံလေးပါပဲ။

အမည်မဖော်လိုတဲ့ ပရိသတ်တစ်ယောက် က Song Song စုံတွဲကို အမှတ်မထင် တွေ့ရှိခဲ့ပါတယ်။ သူက လျှပ်တပြတ် ရိုက်ချက်တွေ နဲ့ Song Song စုံတွဲ မွေးနေ့ပွဲ ကျင်းပတဲ့ ပုံရိပ်တွေကို အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။ အဲ့ဒီ့ ဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ ပရိသတ်က “ကျွန်တော် ညနေ ၅ နာရီလောက် ဟော်တယ် အပေါက်ဝ နားမှာ ရပ်နေခဲ့ပါတယ်။ စုံတွဲ တစ်တွဲကို အားကျပြီး ငေးနေမိပါတယ်။ အဲ့ဒီ့မှာ အမျိုးသား က မျက်နှာ ကို ဒီဘက် လှည့်လိုက်တော့ Song Joong Ki ဖြစ်နေတာကို တွေ့လိုက်ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အဲ့ဒီ့ ပရိသတ် က ဆက်လက်ပြီး “နောက်တစ်ယောက် ကို လှမ်းကြည့်လိုက်ချိန်မှာတော့ မင်းသမီး Song Hye Kyo ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ချိန်လုံး လက်ချင်းချိတ်ထားပါတယ်။ တကယ့်ကို ကြည်နူးစရာ ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။ ပရိသတ် ရိုက်ကူးခဲ့တဲ့ ပုံတွေကတော့ အနည်းငယ်ဝါးနေပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့တုန်းကတော့ Song Joong Ki ရဲ့ ၃၃ နှစ်မြောက် မွေးနေ့ပွဲ ကို မင်းသမီး Song Hye Kyo နဲ့ အတူ ဆင်နွှဲခဲ့ပါသေးတယ်။

Source: Korean Entertainment News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။