မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်စတုတ်စီးတီးအသင်းကို လီဗာပူလ်းအသင်းက သုံးဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာအနိုင်ရယူနိုင်ခဲ့ပါတယ်။ယခုနိုင်ပွဲကြောင့် လီဗာပူလ်းအသင်းဟာ ရမှတ် ၂၆ မှတ် ရရှိထားကာ အဆင့် ၅ နေရာထိရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းကတော့ ရမှတ် ၁၃ မှတ်သာရရှိထားသေးကာ အဆင့် ၁၆ နေရာမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။ 

စတုတ်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပီတာခရော့၊ ချူပိူမိုတင်း၊ ရှာကွီရီ၊ ပီရက်တာ၊ အလန်၊ ဖလက်ချာ၊ ဒီအော့ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆိုလန်ကီ၊ မာနေး၊ ဖာမီနို၊ ချန်ဘာလိန်၊ ဝစ်ဂျနယ်ဒန်၊ အမ်မရီကန် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ကစားသမား ဆာလက် ကတော့ ခြေစွမ်းဆက်တိုက်ပြသနိုင်ခဲ့တာဖြစ်ပြီး ယခုပွဲမှာလည်း လူစားဝင်ပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူလ်းအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၇ မိနစ်မှာ မာနေးက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာတော့ လီဗာပူလ်းအသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။လီဗာပူလ်းအသင်းအတွက် ဒုတိယမြောက်ဂိုးကိုတော့ ၇၇ မိနစ်မှာ လူစားဝင်ကစားသမား ဆာလက်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုလည်း ဆာလက်ကပဲ ၈၃ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။