သာကေတမြို့နယ်ရှိ Capital Hypermarket မှာ ယနေ့ ညနေ ၅ နာရီခွဲ တွင် ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင်ရှိနေသောလူအများ ထိတ်လန့်မှု ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပေါက်ကွဲသံမှာ market ရှိ အပေါ်ထပ်နှင့် အောက်ထပ် နေရာအနှံ့တွင် ထွက်ပေါ်ခဲ့တယ်လို့ အရောင်းဝန်ထမ်းများ ပြောကြားခဲ့ပါတယ်။

“ဗြောက်အိုးဖောက်သံလို အသံတွေ ထွက်လာတာ ကျွန်တော်တို့လဲ ကြောက်လန့်ပြီး အပြင်ပြေးထွက်ခဲ့တယ်။ ဒဏ်ရာရသူတော့ မတွေ့မိဘူး” ဟု အမျိုးသားတစ်ဦးက The Voice ကိုဖြေကြားခဲ့ပါတယ်။ ပေါက်ကွဲသံမှာ ဓာတုဗေဒအရည် ပါသည့် ဖန်ပြွန်ထည့်ထားသည့် ပုလင်းများမှ ပေါက်ကွဲမှုဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားပြီး လက်ရှိ Capital အတွင်းသို့ မည်သူမှ ပေးဝင်ခွင့် မပြုဘဲ ရဲတပ်ဖွဲ့ မီးသတ်နှင့် ကြက်ခြေနီအဖွဲ့များက စုံစမ်းစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။

စျေးဝယ်သူတစ်ချို့ကတော့ သူတို့ဖေ့ဘွတ် အကောင့်မှာ သာကေတCapital စူပါ မားကတ်တွင် အခု မီးလန့်မှု ဝါယာရှော့ဖြစ်ပွါး။ကျမတို့ စျေးဝယ်သွား။တူမလေးလဲပါ။လူပိပြီးသေမှာပဲ စိုးရိမ်ရ။မီးကတော်တော် ပြေးရတာက မသက်သာ။ခါးပိုက်နှိုက်ကတစ်မျိုး။မေ့လဲသူကတစ်မျိုး။ ဆိုပြီး ရေးကြားခဲ့ပါတယ်။ မနေ့တနေ့ ကပဲ Ocean မှာ လဲပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တဲ့ အတွက် လူတော်တော်များများ စိုးရိမ်နေကြပါတယ်။ တချို့ကတော့ ဗုံး ငါးလုံးကွဲတယ်လို့ပြောနေကြပြီး အတိအကျ သတင်းကိုတော့ မသိရှိရသေးပါဘူး။ လူနာတင်ယာဉ် လည်း အဆင်သင့်စောင့်နေပြီး ဒဏ်ရာရတဲ့သူတော့ မတွေ့သေးဘူးလို့သိရပါတယ်။

Source : The Voice

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။