နယ်မြေသစ်တွေဆီက အောင်သူ

အောင်သူတစ်ယောက်နယ်မြေသစ်တွေဆီရွက်လွှင့်နေပါပြီ။

မနေ ့ကတယ်ရိုအသင်းနဲ့တရားဝင်စာချုပ်ချုပ်ဆိုပြီးနောက်မှာအောင်သူဟာ

တယ်ရိုအသင်းရဲ့တရားဝင်ကစားသမားဖြစ်လာခဲ့ပါပြီ။

ထိုင်းပရီးမီးယားလိဂ်ရောက်ပထမဆုံးမြန်မာကစားသမား

သမားတစ်ယောက်အဖြစ်အောင်သူရောက်ရှိသွားခဲ့ပါပြီ။

သူဘယ်လောက်ခရီးရောက်မလဲ၊ဘယ်လောက်ကော

ခရီးပေါက်ခဲ့မလဲ။

မနေ ့က ပရိသတ်နဲ့တရားဝင်မိတ်ဆက်ပွဲဲပြုလုပ်ဖို ့

စီစဉ်ခဲ့ပေမယ် ့အနားနီးကာမှစပွန်ဆာစာချုပ်အသစ်

ထပ်ချုပ်ဖို ့အစီအစဉ်ရှိလာတဲ့အတွက်ပွဲကိုရွှေ ့ဆိုင်းခဲ့ပါတယ်။

ဒါပေမယ် ့အောင်သူဟာအသင်းနဲ့တရားဝင်လက်မှတ်ရေးထိုးပွဲကိုတော ့

တက်ရောက်ခဲ့ပါတယ်။လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ

သူ ့ရဲ့အိမ်ကွင်းအသစ်ဖြစ်လာမယ် ့

ဘွန်ညာချင်ဒါကွင်းကိုသွားရောက်လေ ့လာခဲ့ပါတယ်။

ဘွန်ညာချင်ဒါကတော ့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ပိုင်တဲ့ကွင်းဖြစ်ပြီး

Police Teroအိမ်ကွင်းအဖြစ်အသုံးပြုနေတာပါ။

ပရိသတ်၃၅၀၀ကျော်သာဆံတာမို ့ရတနာပုံအသင်းရဲ့

အိမ်ကွင်းလောက်တော ့မကြီးပါဘူး၊ကွင်းကိုလှည့်ပတ်ကြည် ့ရှု ့ပြီးနောက်မှာ

တယ်ရိုအသင်းအမှတ်တရပစ္စည်းအရောင်းဆိုင်တွေကိုလည်း

အောင်သူသွားရောက်လေ ့လာခဲ့ပါတယ်။နယ်ပယ်သစ်မှာ

အမြန်ဆုံးအသားကျနိုင်ပါစေ အမြင် ့ပျံတိုက်စစ်မှူးလေးရေ........

Photo-AT9 Futsal complex

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။