ယနေ့ည ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ နာပိုလီအသင်းဟာ အိမ်ကွင်းမှာ ဂျူဗင်တပ်အသင်းကို ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။စီးရီးအေမှာရှုံးပွဲမရှိသေးတဲ့ နာပိုလီအသင်းအတွက် အိမ်ကွင်းမှာ အစမ်းသပ်ခံရမဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ပွဲစဉ် ၁၄ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၃၈ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းကတော့ ၁၄ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၃ နေရာမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။ 

နာပိုလီအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းနဲ့ ၄ မှတ်ကွာနေတဲ့ ဂျူဗင်တပ်အသင်းကတော့ အမှတ်ကျဉ်းမြောင်းဖို့အတွက် အမှားခံလို့ မရတဲ့ အနေအထားမှာရှိနေသလို နာပိုလီအသင်းကလည်း အမှတ်ဖြတ်ထားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ကယ်လီဂျွန်၊ အစ်ဇဂနီ၊ ဒရိုင်းမာတင်၊ ဂျော်ဂျင်ဟို၊ ဟမ်ဆစ်၊ အလန် တို့ကိုထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဂျုဗင်တပ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဒီဘာလာ၊ မန်ဇူကစ်၊ ဟီဂူအင်၊ လစ်ချိန်စတိုင်နာ၊ မာတွီဒီ၊ ပီဂျာနစ်၊ ဆန်ဒရို တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး အမှားမခံလို့ရမဲ့ ဒီနှစ်သင်းတွေ့ဆုံမှုမှာတော့ ဘယ်အသင်းအနိုင်ရရှိသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီပေါ့ဗျာ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။