မန်ယူတိုက်စစ်မှူး လူကာကူကတော့ ယခုအချိန်မှာ ဂိုးမိုးခေါင်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ ဂိုးကနည်းနည်းသာသွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၀က်ဖို့နှင့်ပွဲမှာလည်း ဂိုးသွင်းခွင့်တွေရရှိခဲ့ပါတယ်။ သို့သော် လူကာကူအနေဖြင့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။

ထိုကိစ္စနှင့်ပတ်သတ်၍ မန်ယူဂန္တဝင်ကစားသမား ဂယ်ရီနဗီးက ဝေဖန်သုံးသပ်ခဲ့ပါတယ်။ စက်တင်ဘာလကုန်နောက်ပိုင်းကတည်းက ဂိုးမိုးခေါင်နေခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှုး လူကာကူဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး၊ အာဆင်နယ်နဲ့ပွဲမှာလဲ သူ့ကိုထည့်သွင်းမကစားဖို့ လူမှုကွန်ယက်မီဒီယာတွေကနေတဆင့် တောင်းဆိုနေကြပါတယ်။ Sky Sports ဘောလုံးဝေဖန် သုံးသပ်သူ ဂယ်ရီနဗီးလ်ကတော့ အဲဒီဝေဖန်မှုတွေထက် လက်ရှိအခိုက်အတန့်ဟာ လူကာကူအတွက် အရေးကြီးတဲ့ အချိန်ရောက်နေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်သလို၊ အာဆင်နယ် နဲ့ မန်စီးတီးအသင်းတွေကိုလဲ အနိုင်ကစားဖို့ ယူနိုက်တက်ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

ဂယ်ရီနဗီးက “အဓိက စွမ်းဆောင်ပြရမယ့်အချက် မန်စီးတီးကို အနိုင်ကစားပြရမှာပါ။ အထူးသဖြင့် ချန်ပီယံဆုအတွက်ရော၊ သူတို့ရဲ့ နိုင်ပွဲဆက် ပုံစံကောင်းတွေကိုပါ ဟန့်တန်းနိုင်မယ့် အခွင့်အရေးပါ။ ဟတ်ဒါဖီးနဲ့ ကစားတဲ့ သူတို့ရဲ့ခြေစွမ်းကို ကျနော် သေချာကြည့်လိုက်ရပါတယ်။ သူတို့မှာ အနိုင်ရလာဒ်အတွက် မဖြစ်မနေရယူပြမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ ပိုင်ဆိုင်နေပါပြီ။ ကိုယ့်ခြေစွမ်းက အကောင်းကြီး မဟုတ်ပဲနဲ့တောင် အနိုင်ရလာဒ်ကို စွမ်းဆောင်ပြသွားခဲ့တာပါ။ ကျနော်တို့ ဖာဂူဆန်နဲ့အတူ ဖြတ်သန်းခဲ့တုန်းက အဲလိုမျိုးတွေ အနိုင်ယူပြီး လိဂ်ဖလားရယူနိုင်ခဲ့တာလေ။ အိုးထရက်ဖို့ဒ်က ပရိသတ်တွေကလဲ အာဆင်နယ်ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်ပြခဲ့တဲ့ အချိန်ကလို ဒီပွဲအတွက် အသင့်ဖြစ်နေမှာ သေချာပါတယ်။ ပြီးတော့ အဲဒီကွင်းထဲမှာပဲ ရှုံးပွဲမရှိ စံချိန်တွေကို ရက်တန့်စေခဲ့တာ အကြိမ်မနည်းတော့ပါဘူး။ ယူနိုက်တက်ကလဲ ခရစ္စမတ်ကာလမတိုင်ခင် မန်စီးတီးနဲ့ အမှတ်ကွာဟမှု အနည်းဆုံး ဖြစ်အောင်ကြိုးစားသွားမှာ သေချာပါတယ်။”လို့ပြောခဲ့ပါတယ်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။