စနေနေ့ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမဲ့ ပြင်သစ်လိဂ်ဂူး ပွဲစဉ်မှာ စထွက်ဘော့ အသင်းဟာ PSG အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။PSG အသင်းဟာ လိဂ်ဂူး ပွဲစဉ် မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းလည်းဖြစ်ပါတယ်။PSG အသင်းဟာ ပွဲစဉ် ၁၅ ပွဲကစားထားပြီးချိန်မှာတော့ ရမှတ် ၄၁ နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။စထွက်ဘော့အသင်းကတော့ ၁၅ ပွဲ ကစားထားပြီးချိန်မှာ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၇ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

စထွက်ဘော့ အသင်းရဲ့ နောက်ဆုံး ငါးပွဲရလဒ်မှာတော့ ၃ ပွဲသရေ ၁ ပွဲရှုံး ၁ ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ နောက်ဆုံး ငါးပွဲရလဒ်မှာတော့ ၅ ပွဲလုံး ရာနူန်းပြည့်ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နေမာ၊ ကာဗာနီ တို့ ဂိုးသွင်းခြေမြူးနေခဲ့တာကြောင့် PSG အသင်းဟာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စထွက်ဘော့အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဒါကော်စတာ၊ တာရီရာ၊ မာတင်၊ ဂွန်ကာလက်၊ လိုင်ယာနက်၊ အဟိုလို တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဒီမာရီယာ၊ အမ်ဘတ်ပီ၊ ဒရက်ဇလာ၊ ဗာရက်တီ၊ ရာဘီယော့၊ ပတ်စ်တိုရီ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပေမဲ့ အနိုင်သုံးမှတ်ကိုတော့ ယူဆောင်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။