မြောက်ကိုရီးယား ကို သတိပေးတဲ့ အနေနဲ့ အကြီးမားဆုံး လေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ခု ကို အမေရိကန် နဲ့ တောင်ကိုရီးယား တို့ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ရဲ့ ဒုံးပျံ စမ်းသပ်ပစ်လွှတ်မှု အပြီး တစ်ပတ် အတွင်း အဆိုပါ လေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကို ပြုလုပ်ခဲ့တာပါ။ ငါးရက်တာ ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် ဘက်မှ မရိန်း တပ်ဖွဲ့ ၀င် ၁၂၀၀၀ နဲ့ အတူ တောင်ကိုရီးယား တပ်ဖွဲ့ဝင် တွေလည်း ပါ၀င် လေ့ကျင့်ခဲ့ကြပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား ရဲ့ နျူးကလီးယား ဒုံးပျံ ပစ်လွှတ်ရာ နေရာတွေကို ချေမှုန်းတဲ့ လေ့ကျင့်မှုတွေလည်း ပါ၀င်မှာပါ။

အိမ်ဖြူတော် ရဲ့ အမျိုးသားလုံခြံုရေး အကြံပေး အရာရှိ ဖြစ်သူ HR McMaster က တော့ ကိုးရီးယားကျွန်းဆွယ် မှာ စစ်ဖြစ်နိုင်ခြေ တစ်နေ့တစ်ခြား မြင့်တက်လာနေတယ် လို့ ကယ်လီဖိုးနီးယား မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ ထိုသို့ ပြောကြားအပြီး ယခု နှစ်နိုင်ငံ လေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကို ပြုလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အနေနဲ့ နျူးကလီးယား စစ်ပွဲ ဖြစ်ဖို့ တောင်းဆိုနေတယ် လို့ ပြောကြားခဲ့ပါသေးတယ်။

ယခု ပြုလုပ်တဲ့ လေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှာ အမေရိကန် ရဲ့ ခေတ်မှီ ကိုယ်ပျောက်တိုက်လေယာဉ် ဖြစ်တဲ့ F-22 Raptor ၆ စင်း၊ F-35As တိုက်လေယာဉ် ၆ စင်း၊ F-35Bs တိုက်လေယာဉ် ၁၂ စင်း တို့နဲ့ အတူ လေယာဉ်ပေါင်း ၂၃၀ လောက်ပါ၀င် လေ့ကျင့်ခဲ့ကြပါတယ်။ တောင်ကိုရီးယား သတင်းမီဒီယာ တွေကတော့ B-1B ဗုံးကြဲလေယာဉ်ကြီးတွေ ဒီအပတ် အတွင်း လေ့ကျင့်မှု မှာ ပါ၀င်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား ကတော့ အမေရိကန် အနေနဲ့ ကိုရီးယားကျွန်းဆွယ်ဒေသမှာ နျူးကလီးယား စစ်ပွဲ ဖြစ်ပွားအောင် လုပ်ဆောင်နေတယ် လို့ စွပ်စွဲထားပါတယ်။

Source: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။