ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ် အသင်းနဲ့ စပါးအသင်းတို့ဟာ လူငယ်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့အပြိုင်စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။သူကတော့ ရီးရဲလ်မက်ဒရစ်မှာ လက်ရှိကစားနေတဲ့ စီဘယ်လော့ပဲဖြစ်ပါတယ်။ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ စီဘယ်လော့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာနေရာရဖို့ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ စပါးအသင်းဟာ ကွင်းလယ်ဖြည့်တင်းဖို့အတွက် ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ စီဘယ်လော့ကို ယခုနှစ်ရာသီမစခင် လူဝယ်ရာသီမှာ ခေါ်ယူထားတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းကခေါ်ယူဖို့ မျက်စိကျနေချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းက လက်ဦးမှုရယူခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းမှာ မိုဒရစ်၊ အစ္စကို တို့ရဲ့နောက်မှသာ ပွဲထွက်ခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ငါးပွဲသာပါဝင်ကစားခွင့်ရရှိထားတာလည်းဖြစ်ပါတယ်။ 

စီဘယ်လော့ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ငါးပွဲကစားထားခဲ့ရာမှာ နှစ်ဂိုးသွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ စပါးအသင်းကတော့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ စီဘယ်လော့ကို ခေါ်ယူရန် ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ဘယ်အသင်းက လက်ဦးမှုရယူပြီး ခေါ်ယူနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ

souece - latest in football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။