ကိုရီးယားနိုင်ငံရဲ့ သဘာဝအလှတရားတွေကို ခံစားရင်း မအေးသောင်းတစ်ယောက် အရမ်းကိုပျော် နေတာပဲဖြစ်ပါတယ်။ 

Samsung Myanmar ကပြုလုပ်ကျင်းပတဲ့ Samsung Quiz Show ပွဲလေးအတွက် ဆိုလ်းမြို့ကို ရောက်ရှိ နေတာဖြစ်ပြီး သူမအတွက် ပျော်စရာအကောင်းဆုံး ခရီးစဉ်လေး ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကိုရီးယားနိုင်ငံရဲ့ ရာသီဥတုဟာအရမ်းအေးပေမယ့်လဲ ပရိသတ်တွေပေးတဲ့ အချစ်တွေနဲ့ နွေးထွေးနေရတာပဲဖြစ်ပါတယ်။ 

မအေးသောင်းကို လွမ်းဆွတ်နေတဲ့ ချစ်ပရိသတ်တွေအတွက်လဲ သူမရဲ့လူမှုကွန်ယက်မှာကနေ ချစ်စရာပုံရိပ် လေးတွေကို အလွမ်းပြေ မျှဝေပေးလျက်ရှိတာပဲဖြစ်ပါတယ်။

ဒီနေ့မှာလဲ မအေးသောင်းရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ ထပ်မံမျှဝေလိုက်တာပဲဖြစ်ပါတယ်။မြန်မာဆန်ဆန်လှနေတဲ့မအေးသောင်းကို ဒီတစ်ခေါက်မှာတော့ ချစ်စရာကောင်းတဲ့ ကိုရီးယားကျောင်းသူလေး အဖြစ်ပရိသတ်တွေ မြင်တွေ့ရတာပဲဖြစ်ပါတယ်။

မှိန်မှိန်ဖျော့ဖျော့ နေရောင်ခြည်အလင်းတန်းလေးအောက်မှာ မခို့တရို့အပြုံးလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်။

မအေးသောင်းဟာ ဒီနေ့မှာတော့ ကိုရီးယားတက္ကသိုလ်ကို သွားရောက်လည်ပတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သူမရဲ့ လူူမှုကွန်ယက်မှာလဲ “ကိုရီးယား တက္ကသိုလ်သို့ သွားရောက်လှည့်ပါတ်ကြည့်ရှုစဉ်”ဆိုတဲ့စာလေးနဲ့အတူ ကိုရီးယားကျောင်းသူလေးလို ဝတ်ဆင်ရိုက်ကူးထားတဲ့ ချစ်စရာပုံရိပ်လေးတွေ မျှဝေထားတာ ပဲဖြစ်ပါတယ်။

တက္ကသိုလ်မှကိုရီးယားသူလေးတွေနဲ့လဲအမှတ်တရပုံလေးတွေရိုက်ကူးခဲ့ပါသေးတယ်။မအေးသောင်းရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်အမြစ် - မအေးသောင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။