Vatican City

ဗာတီကန်စီးတီးဆိုတဲ့ နိုင်ငံလေးဟာ အီတလီနိုင်ငံ ၊ ရောမမြို့အတွင်းမှာတည်ရှိပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်း ၁၀၀ဧကလောက်ရှိပြီး လူဦးရေ၈၀၀ပဲရှိတဲ့ နိုင်ငံလေးဖြစ်ပါတယ်။ 

Monaco

အဆိုပါနိုင်ငံလေးဟာ ပြင်သစ်နိုင်ငံထဲမှာ ပါ၀င်တဲ့ မြို့ပြနိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ ဧရိယာ ၂ စတုရန်းကီလိုမီတာရှိပြီး လူဦးရေ ၃၆၀၀၀ ၀န်းကျင်ခန့်နေထိုင်ကြပါတယ်။

Nauru

ဒီကျွန်းစုနိုင်ငံလေးကတော့ သြစတေးရီးယား နိုင်ငံရဲ့အရှေ့ဘက် အခြမ်းမှာရှိပြီး ကမ္ဘာ့အသေးဆုံး ကျွန်းစုနိုင်ငံလေးလဲဖြစ်ပါတယ်။ ၂၁ စတုရန်းကီလိုမီတာရှိပြီး အလွန်သာယာလှပတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။

Tokelau

နယူးဇီလန်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံတစ်ခုဖြစ်ပီး တောင်ပစိဖိတ်သမုဒ္ဒရာ ပေါ်မှာတည်ရှိတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။ ၄.၆ စတုရန်းမိုင်ရှိပြီး လူသီးရေ ၁၃၀၀ ၀န်းကျင်လောက်သာရှိပါတယ်

Niue

ဒီကျွန်းစုနိုင်ငံလေးဟာလည်း နယးဇီလန်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံတစ်ခုဖြစ်ပီး တောင်ပစိဖိတ်သမုဒ္ဒရာမှာပဲ တည်ရှိတာပါ။ ၁၀၀ စတုရန်းမိုင် မိုင်ရှိပြီး လူဦးရေ ၁၆၀၀ ၀န်းကျင်ခန့်နေထိူင်ကြပါတယ်။

Falkland Islands

ဖော့ကလန်ကျွန်းစုနိုင်ငံလေး ဟာ တောင်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းမှာတည်ရှိပြီး အင်္ဂလန်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ ၄၇၀၀ စတုရန်း မိုင်ရှိပြီး လူဦးရေ ၂၉၀၀ကျော်ရှိပါတယ်။

Palau

ဒီနိုင်ငံလေးဟာ အနောက်ပစိဖိတ်သမုဒ္ဒရာပေါ်မှာ တည်ရှိတာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ကိုလိုနီလက်အောက်ခံနိုင်ငံလေးဖြစ်ပါတယ်။ ၁၇၇ စတုရန်းမိုင်ရှိပြီး လူသီးရေ ၂၁၅၀၀ကျော် နေထိုင်ပါတယ်။

San Marino

ဆန်မာရီနို နိုင်ငံလေးဟာ အီတလီနိုင်ငံအတွင်းမှာ တည်ရှိတာဖြစ်ပြီး သာယာအေးချမ်းတဲ့နိုင်ငံငယ်လေးဖြစ်ပါတယ်။ ၂၄ စတုရန်းမိုင်ရှိပြီး လူဦးရေ ၃၃၂၀၀ ၀န်းကျင်ရှိပါတယ်။ 

Faeroe Islands

ဖာရိုကျွန်းစု နိုင်ငံလေးဟာ နော်ဝေးနဲ့ အိုက်စလန် နှစ်နိုင်ငံကြားမှာတည်ရှိပြီး ကျွန်းနိုင်ငံငယ်လေးဖြစ်ပါတယ်။ ၅၃၈ စတုရန်းမိုင်ရှိကာ လူဦးရေ ၄၉၀၀၀ ကျော်ရှိပါတယ်။

Google ( world smallest countries)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။