ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးပိုင်ဆိုင်ထားတဲ့ ရုပ်ရှင်မင်းသမီးဟောင်း နန္ဒာလှိုင်ကတော့ မိသားစုနဲ့အတူ ဘန်ကောက်ကို အလည်အပတ်ရောက်ရှိနေပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်နဲ့ အတူ ဘန်ကောက်မှာ ပျော်ရွှင်နေတဲ့ ပုံလေးတွေကို နန္ဒာလှိုင်က သူမရဲ့ လူမှုကွန်ရက်မှာ မျှဝေထားတာပါ။

တစ်ချိန်က ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့ နန္ဒာလှိုင်ဟာ ကြော်ငြာလောကမှာလည်း လွှမ်းမိုးနိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ ထိပ်တန်းဖြစ်ခဲ့သူပါ။

အကယ်ဒမီနန္ဒာလှိုင်ဟာ အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေမလုပ်ဖြစ်တော့ပဲ သမီးလေးသုံးယောက်မွေးထားတဲ့ မေမေအဖြစ် မိသားစုဘဝလေးပျော်ရွှင်စွာဖြတ်သန်းနေသူဖြစ်ပါတယ်။

အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သွားပေမယ့်လည်း ပရိသတ်တွေနဲ့အဆက်သွယ်မပြတ်အောင် လူမှုကွန်ရက်မှာ သူမတို့မိသားစုရဲ့ လှုပ်ရှားမှုလေးတွေကို ကြုံရင်ကြုံသလို တင်ထားပါတယ်။

ချစ်စရာကောင်းတဲ့ ၀၀ကစ်ကစ်မီးမီးလေးတွေကြောင့် နန္ဒာလှိုင်တို့ဇနီးမောင်နှံ ဘယ်လောက်တောင်စိတ်ချမ်းသာရမလဲဆိုတာ ပုံလေးတွေကြည့်တာနဲ့ သိပါတယ်။

ပရိသတ်ကြီး ရေ နန္ဒာကိုချစ်သေးရဲ့လား

Source : Nandar Hlaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။