မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) သည် ၂၀၁၈အရှဖူဆယ်ချန်ပီယံရှစ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို ပဏာမကစားသမား(၁၉) ဦးဖြင့်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ယခုဖွဲ့စည်းသည့် မြန်မာ့ဖူဆယ် အသင်းတွင် ၂၀၁၇ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့် အသင်းမှ ကစားသမား (၁၆) ဦးစလုံး ပြန်လည်ပါ၀င်လာသည်။မြန်မာဖူဆယ်အသင်းသည် အာရှဖူဆယ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ချိန် (၂) လနီးပါးရရှိမည် ဖြစ်ပြီး လက်ရွေးစင်ကစားသမားဟောင်းများ ပြန်လည်ပါ၀င်သောကြောင့် အနည်းငယ်သာ ပြန်လည်ပြင်ဆင်ရဖွယ်ရှိနေသည်။ 

ပြန်လည်ပါ၀င်သောကြောင့် အနည်းငယ်သာ ပြန်လည်ပြင်ဆင်ရဖွယ်ရှိနေသည်။

မြန်မာအမျိုးသားဖူဆယ်အသင်းသည် အာရှဖူဆယ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် လာမည့်ဇန်နဝါရီလ ဒုတိယအပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မည် ဖြစ်ပြီး ခြေစွမ်းပွဲ (၄) ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရပါသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ် အသင်းကိုနည်းပြချုပ်အဖြစ် ဦးဌေးမြင့်ကဆက်လက်ကိုင်တွယ် မည်ဖြစ်ပြီး ဒီဇင်ဘာလ (၄) ရကေနေ့ နံနက်ပိုင်းမှစ၍လေ့ကိင့်မှု စတင်ပြုုလုပ်လျှက်ရှိကာ ကြံ့ခိုင်မှုဦးစားပေး လေ့ကျင့်မည်ဖြစ်ကြောင်း သိရပါသည်။

မြန်မာ့နိုင်ငံ လက်ရွေးစင်ဖူဆယ်အသင်း၏ လက်ရှကြိုးစားနေခြင်းများကိုလည်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံရှိ ဘောလုံးချစ် ပရိသတ်များအတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်ဘောလုံးအသင်းအကြောင်း ကိုမျှဝေလိုက်ပါတယ်။

Source- Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။