မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ မန်ယူအသင်းဟာ CSKA မော်စကိုအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ ရမှတ် ၁၅ မှတ်နဲ့ အုပ်စုပထမနေရာကနေ ၁၆ သင်း ရှုံးထွက်အဆင့်ကို တတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။CSKA မော်စကိုအသင်းကတော့ အဆင့် ၃ နေရာနဲ့သာ နှစ်သိမ့်ခဲ့ရပြီး ယူရိုပါလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရက်ဖို့စ်၊ လူကာကူ၊ မာတာ၊ လုပ်ရှော၊ ပေါ့ဘာ၊ ဟာရဲယား တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။CSKA မော်စကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီဇာဂေါ့၊ ချာလော့၊ ဗီတင်ဟို၊ နာဘတ်ကင်၊ ဂိုလိုဗင် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အိမ်ရှင်အသင်းဟာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ CSKA မော်စကိုအသင်းကို အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ 

အဖွင့်ဂိုးကိုတော့ CSKA မော်စကိုအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ပထမပိုင်းပြီးခါနီး ၄၅ မိနစ်မှာ ဗီတင်ဟို ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ ၆၄ မိနစ်မှာ လူကာကူ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နှစ်မိနစ်အကြာမှာပဲ ရက်ဖို့စ် မန်ယူအသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။