ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်ကတော့ အကယ်ဒမီပေးပွဲများနဲ့ အင်တာဗျူးတော်တော်များများမှာ ယနေ့အချိန်ထိ ဇနီးဖြစ်သူ မေသန်းနုအကြောင်းကို ချီးကျူးပြောလေ့ရှိပါတယ်..။

အခုတစ်ခေါက်မှာလည်း စင်ရော်မောင်မောင်က မေသန်းနုအတွက် အားပေးစကားပြောလိုက်ပါတယ်..။

အဲ့ဒီ အားပေးစကားကို ဒီဇင်ဘာ(၅)ရက်နေ့က စင်ရော်မောင်မောင်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

“မဆင့်

ထာဝရအမေ ဇာတ်ကားကြီးရယ် သားလေး မင်းသန့်မောင်မောင် အတွက် ရယ်ပြောပါရစေ..။

ဘဝကို ရဲရဲတင်းတင်း ဖြတ်သန်းပြီး ကြံ့ကြံ့ခံပီး ဖြတ်သန်းပါ..။

ပရိသတ်၏ ချစ်ခြင်းမေတ္တာကို ရယူပြီး အနုပညာကို ဒီထက်ပိုပြီး အောင်မြင်အောင် ကြိုးစားပါ..။ အချိန်က စကားပြောသွားပါလိမ့်မယ်..။

မဆင့် ဒီထက်ပိုမိုပြီး အောင်မြင်ကျော်ကြား ထူးချွန်နိုင် ပါစေလို့ ဆန္ဒပြု ပါတယ်..။

စင်ရော်မောင်မောင်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး မိသားစုပုံလေးကိုလည်း တင်ထားပါသေးတယ်..။

ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ တစ်ချိန်က ဇာတ်ကားတော်တော်များများမှာ နေရာယူခဲ့တဲ့ အကယ်ဒမီ မေသန်းနုတို့ အိမ်ထောင်ရေးဟာ (၁၂)နှစ်ကြာ ကွဲကွာနေခဲ့တာ ဖြစ်ပါတယ်..။

(၁၂)နှစ်ကြာ အိမ်ထောင်ရေး ကွဲကွာပြီးမှ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ဆန္ဒအရ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးထားတယ်လို့ သိရပါတယ်..။

“ထာဝရအမေ” ရုပ်ရှင် ဇာတ်ကားကြီးကတော့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ကူးပုံဖော်ထားပြီး နေတိုး၊ ဝတ်မှုံရွှေရည်၊ ရဲအောင်၊ မေသန်းနုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဧည့်သည် သရုပ်ဆောင်အဖြစ် ထွန်းကိုကိုက ပါဝင်သရုပ်ဆောင်တယ်လို့ သိရပါတယ်..။

အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးဟာ (၁၂)နှစ်ကြာမှ စင်ရော်မောင်မောင်နဲပ မေးသန်းနုတို့ ပြန်လည်တွေ့ဆုံပြီး မိသားစုသုံးယောက် အကောင်းဆုံး ကြိုးစားထားတဲံ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်..။

ရုံတင်ပြသမယ့် နေ့ကတော့ လာမယ့် ဒီဇင်ဘာ(၈)ရက်နေ့မှာ တစ်နိုင်ငံလုံး ရုံတင်ပြသပေးသွားမှာ ဖြစ်ပါတယ်..။

Source - စင်ရော်မောင်မောင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။