မြောက်ကိုရီးယားအရေးကတော့ နိုင်ငံတကာမှာ အခုထိ အငြင်းပွားနေရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယားတို့အနေဖြင့် ကိုရီယား၂နိုင်ငံ ကွဲသွားကတည်းကနေ ယခုထက်ထိ ကွန်မြူနစ်ဝါဒကို ကျင့်သုံးနေခဲ့တာပါ။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံသည် မကြာခဏဆိုသလို အခြားနိုင်ငံများကို ရန်စလေ့ရှိပါတယ်။ ယခုအခါမှာလည်း မြောက်ကိုရီးယားတို့အနေဖြင့် နုကလီယားလက်နက်ပိုင်ဆိုင်ရန် စွမ်းစွမ်းတမံကြိုးပမ်းနေပါတယ်။ 

ယခုအခါမှာလည်း ကုလသမဂ္ဂမှထိပ်တန်းအရာရှိတစ်ဦးသည် မြောက်ကိုရီးယားသို့သွားရောက်ခဲ့ကြောင်း သိရှိရပါတယ်။ ကုလသမဂ္ဂအရာရှိတစ်ဦးအနေဖြင့် မြောက်ကိုရီးယားသို့ သွားရောက်တာကတော့ အလွန်ကို ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကုလသမဂ္ဂ၏ မူဝါဒရေးရာဌာန အကြီးအကဲ ယက်ဖရီ ဖဲ့လ်တ်မန်းသည် ဒီဇင်ဘာ ၅ ရက်တွင် ပြုံယမ်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ခရီးသည် မြောက်ကိုရီးယားမြေတွင် ခြောက်နှစ်တာအတွင်း ကုလသမဂ္ဂ အရာရှိတစ်ဦး ပထမဆုံးအကြိမ် ခြေချမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မြောက်ကိုရီးယားက ကုလသမဂ္ဂကို နိုင်ငံရေး ဆွေးနွေးမှုများအတွက် ဖိတ်ခေါ်ကြောင်း စက်တင်ဘာလ အတွင်းက ကြေညာခဲ့တာပါ။ 

ကုလသမဂ္ဂအရာရှိ ဖဲ့လ်တ်မန်းသည် အမေရိကန် သံအရာရှိဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိ ကုလသမဂ္ဂ ဖွဲ့စည်းပုံတွင် ရာထူးအမြင့်ဆုံး ရယူထားသည့် အမေရိကန် နိုင်ငံသားလည်း ဖြစ်သည် ၎င်းသည် ဒီဇင်ဘာ ၈ ရက်ထိ ပြံုယမ်းတွင် နေထိုင်ပြီး မြောက်ကိုရီးယား အစိုးရ ထိပ်တန်း အရာရှိများနှင့် ဆွေးနွေးသွားမည်ဟု သိရသည်။ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဖဲ့လ်တ်မန်းသည် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟိုနှင့်လည်း တွေ့ဆုံမည်ဟု ဆိုသည်။ သို့သော် နိုင်ငံခေါင်းဆောင် ကင်မ်ဂျံုအန်းနှင့်မူ ဆွေးနွေးရန် စီစဉ်ထားခြင်း မရှိချေ။ မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း နျူကလီးယားဗုံးနှင့် တိုက်ချင်းပစ်ဒုံးကျည် လက်နက်နည်းပညာ သုတေသန ကဏ္ဍကို အရှိန်မြှင့် အကောင်အထည် ဖော်လာပြီး နိုဝင်ဘာ ၂၉ ရက်တွင် နိုင်ငံသမိုင်း၌ အကွာအဝေး အရှည်ဆုံး ခရီးပေါက်သည့် တိုက်ချင်းပစ် ဒုံးကျည်ကို စမ်းသပ် အောင်မြင်ခဲ့သည်။ နောက်တစ်နေ့တွင် ကုလသမဂ္ဂက မြောက်ကိုရီးယား၏ ဖိတ်ကြားထားမှုကို တရားဝင် လက်ခံရန် ဆုံးဖြတ်ခဲ့တာပါ။

Source – Reuters 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။