ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦးက သမီးဖြစ်သူကို သံခြေကျင်းခတ်ထားမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးအနေဖြင့် ထိုင်းနိုင်ငံ ဖူးကက်မှာ အလုပ်လုပ်ကိုင်နေတာပါ။ ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင် ဖူးကက်မြို့မှာ သူမအနေဖြင့် နေထိုင် အလုပ်လုပ်ကိုင်နေတာပါ။ အဆိုပါ မြန်မာအမျိုးသမီးအနေဖြင့် သူ့ရဲ့ ရ နှစ်ရွယ် သမီးလေးကို သံခြေကျင်းခတ်ထားတဲ့အတွက် ထိုင်းတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးပြီး မိန်းကလေးငယ်ကို အကူအညီပေးခဲ့ရတယ်လို့ သိရှိရပါတယ်။ ယခုရက်ပိုင်းတွေမှာ ဖူးကက်မြို့လယ်ခေါင် ဖွန်းဖုန်းညစျေးတန်းမှာ ရ နှစ်ရွယ် မိန်းကလေးငယ်တဦး သံခြေ ကျင်းခတ်လျက် သွားလာနေတဲ့ပုံတွေ လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံတွေကို ဝေဖန်ခဲ့သူတွေ အလွန့်ကိုများပြားခဲ့တာပါ။ ဒါ့ကြောင့် ဖူးကက်မြို့ခံ ပြည်သူတချို့ကလည်း One Home ဖူးကက်ကလေး သူငယ်စောင့်ရှောက်ရေးဂေဟာကို တိုင်ကြားလာခဲ့ပါတယ်။  

ထိုကဲ့သို့ တိုင်တန်းမှုကြောင့် One Home အဖွဲ့ဝင်များနှင့် လူမှု ဖွံ့ဖြိုးရေးနဲ့ မနုဿတည်တံ့ရေး ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တာပါ။ သူတို့ရောက်သွားတဲ့အချိန်မှာ မိန်းကလေးငယ်မှာ သံခြေကျင်းခတ်ခံရတဲ့အပြင် ခန္ဓာကိုယ် မှာ အညှိမည်းရာတွေပါ တွေ့ရကြောင်း၊ ကလေးရဲ့မိခင်ဖြစ်သူနဲ့တွေ့လို့ အကျိုးအကြောင်း မေးမြန်းကြည့်ရာမှာတော့ အသက် ၃၃ နှစ်ရွယ် မြန်မာအမျိုးသမီးက သူမမှာ လသားအရွယ် ကလေးက တဘက်၊ ပန်းရံအလုပ်ကတဘက်နဲ့မို့ သမီးကို မကြည့်အားတဲ့အတွက် ခုလိုသံကြိုးနဲ့ ချည်ထားရတာဖြစ်ကြောင်း၊ သမီးဖြစ်သူက ဟိုဒီလျှောက်သွားတတ်ပြီး ဆိုးသွမ်းလို့ ပျောက်သွား မှာ စိုးရိမ်ကြောင်း၊ ကလေးကိုယ်ပေါ်က အညှိမည်းဒဏ်ရာတွေကလည်း ကလေးက ပြောစကား နားမထောင်လို့ ရိုက်ထားတာလို့ ၀န်ခံသွားပါတယ်။  

သူမက ဆက်လက်ပြီး သူ့မှာ အရင်အိမ်ထောင်နဲ့ ကလေး ၄ ယောက်၊ အခုအိမ်ထောင်နဲ့ လသားရွယ်ကလေးတယောက်ရှိကြောင်း၊ အရင်က ကလေးတွေကို မြန်မာပြည်မှ ာပြန်ထားပေ မယ့် အဆင်မပြေလို့ ပြန်ခေါ်လာခဲ့ပြီး အလုပ်တဘက်နဲ့ ကသီလင်တဖြစ်နေတာကို ပြောပြ ပါတယ်။ ဒါကြောင့် စောင့်ရှောက်ရေးဂေဟာ တာဝန်ရှိသူတွေက သံခြေကျင်းခတ်ခံရတဲ့ ရ နှစ်ရွယ် မိန်းကလေးနဲ့ အသက် ၉ နှစ်ရွယ် သူ့အကိုတို့ကို ဂေဟာမှာ ပြုစုစောင့်ရှောက်ပေးဖို့ မိခင်နဲ့ ပထွေးတို့ရဲ့ခွင့်ပြုချက်နဲ့ ခေါ်ဆောင်လာခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ သံခြေကျင်းခတ်ခံရတဲ့ ကလေးမလေးဟာ ကြောက်စိတ်တွေဝင်နေပြီး ထိုင်းစကားလည်း နားမလည်လို့ လောလောဆယ် ဘာမှ မေးလို့မရသေးကြောင်း၊ မိခင်ဖြစ်သူရဲ့မှားယွင်းတဲ့ ကလေးပြုစုစောင့်ရှောက်ရေးပုံစံနဲ့ ပတ်သက်ပြီး မိခင်ကို အသိပညာပေးဖို့ကတော့ အချိန်ယူ ရမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဖြေကြားခဲ့ပါတယ်။

Source – DvB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။