အရှေ့အလယ်ပိုင်းဒေသတွေကတော့ အမြဲလိုလို စစ်ရေးတင်းမာနေလျက်ရှိပါတယ်။ အထူးသဖြင့် အစ္စရေးနိုင်ငံအရေးက အမြဲလိုလို ဖြစ်ပျက်နေတာပါ။ အစ္စရေးကို အိမ်နီးချင်း အာရပ်နိုင်ငံများက အမြဲရန်စနေသလို အစ္စရေးကလည်း အမြဲတင်းမာတဲ့သဘောထားနှင့်ပဲ ပြန်တုံ့ပြန်လေ့ရှိပါတယ်။ ယခုအခါလည်း နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မံပေါ်ပေါက်လာဖွယ်ရှိပါတယ်။ 

ဒါကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်လည်းသက်ဆိုင်နေတာပါ။ အကယ်၍သာ ထရန့်အနေဖြင့် ဂျေရုစလင်မြို့ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်လိုက်ပါက အကြမ်းဖက်မှုများပိုအားကောင်းလာဖွယ်ရှိတယ်လို့ အာရပ်အဖွဲ့ချုပ် သတိပေးခဲ့တာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ပါက အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုအား ပိုမိုအားကောင်းလာစေနိုင်ကြောင်း အာရပ်အဖွဲ့ချုပ်ဥက္ကဋ္ဌက ဒီဇင်ဘာ ၃ ရက်တွင် သတိပေးခဲ့တာဖြစ်ပါတယ်။ ထို့ပြင် ယင်းဆုံးဖြတ်ချက်သည် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူ မဖြစ်စေနိုင်ကြောင်းလည်း အာမက်အဘူဂါအိက ကိုင်ရိုတွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ 

ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ် ပြု၊ မပြုကို ထရန့်က ဆုံးဖြတ်ချက်ချမှတ်ရန် နီးကပ်နေပြီဖြစ်ကြောင်း ထရန့်၏ သမက်နှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး သံတမန် ဂျရက်ကူရှ်နာက ဒီဇင်ဘာ ၃ ရက်တွင် ဆာဘန်ဖိုရမ်၌ ပြောကြားခဲ့သည်။ ယင်းအကြောင်းအရာအား အာရပ်အဖွဲ့ချုပ်က အနီးကပ် စောင့်ကြည့်နေပြီး ထရန့်က ယင်းအတိုင်း အသိအမှတ်ပြုခဲ့ပါက အာရပ်၏ အနေအထားနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ချုပ်သည် ပါလက်စတိုင်း အာဏာပိုင်များ၊ အာရပ်နိုင်ငံများနှင့် ဆက်သွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်သံရုံးအား အစ္စရေးမြို့တော် တဲအဗစ်မှနေ၍ ဂျေရုစလင်သို့ ရွှေ့ပြောင်းမှုအား နောက်ထပ်ခြောက်လ နှောင့်နှေးစေနိုင်သည့် ဥပဒေကြောင်းဆိုင်ရာ တရားဝင် စာတစ်ခုကို ထရန့်က လက်မှတ်ထိုး၊ မထိုးကို ဒီဇင်ဘာ ၄ ရက်တွင် ဆုံးဖြတ်မည် ဖြစ်သည်။ ဂျေရုစလင်အား ၎င်း၏မြို့တော်အဖြစ် အစ္စရေးက အခိုင်အမာပြောကြားထားမှုကို ထောက်ခံကြောင်း ထရန့်က ဒီဇင်ဘာ ၆ ရက် မိန့်ခွန်း၌ ထည့်သွင်းကြေညာဖွယ်ရှိသည်ဟု သံတမန်များနှင့် လေ့လာသူများက ခန့်မှန်းခဲ့ကြပါတယ်။

Source – Reuters  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။