မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရိုးမားအသင်းဟာ ကွာရာဘတ်အသင်းကို တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ရမှတ် ၁၁ မှတ် တူညီနေပေမဲ့ ရိုးမားအသင်းက ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရရှိခဲ့တာကြောင့် အုပ်စုပထမနေရာကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။ 

ရိုးမားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပီရော့တီ၊ ဒီဇီကို၊ အယ်ရှာရာဝီ၊ စထရူးမန်း၊ ဒီရော့ဆီ၊ နိုင်ဂိုလန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ကွာရာဘတ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာဒါတော့၊ အိုလီဗီရာ၊ မာဒီရာ ၊ ကွာရာရက်၊ နက်လိုဗူ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ဂိုးကန်သွင်းချက် အကြိမ် ၂၀ လောက်ရရှိခဲ့ပေမဲ့ တစ်ဂိုးနဲ့ သာ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာတော့ နှစ်သင်းလုံးဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။၅၃ မိနစ်မှာတော့ ရိုးမားအသင်း တစ်လုံးတည်းသောအနိုင်ဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ ပီရော့တီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ယခုပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ပီရော့တီ ကရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။