သင်က O သွေး တစ်ယောက်လား ။ ဒါမှမဟုတ် ချစ်သူက O သွေးတစ်ယောက်ဖြစ်ပါသလား

O သွေးပိုင်ရှင် မိန်းကလေး ၊ ယောကျာ်းလေး အများစုက အချစ်ရေးနဲ့ပတ်သက်ပြီး ကံမကောင်းတတ်ကြပါဘူး။သူတို့ဟာ အချစ်ဦး နဲ့ လွဲတတ်ကြပေမယ့် အချစ်ဆုံးတွေနဲ့တော့ ဖူးစာဆုံရတတ်ပါတယ်။

ရည်းစားမရသေးခင်ကတော့ Single ဆိုပြီး မာန်တက်ကြသလို သူငယ်ချင်းအပေါင်းသင်းတွေကိုလည်း မိသားစုထက် ပိုတွယ်တာကြပါတယ်။ ရည်းစားရပြီးသွားရင်တော့ သူငယ်ချင်းတွေကို အရင်ကလောက်အခေါ်အပြောသိပ်မလုပ်တော့ပဲ ချစ်သူနားမှာပဲ တွယ်ကပ်တတ်ကြပါတယ်။

သူတို့ဟာ အလုပ်နဲ့ပတ်သက်ပြီး စွဲစွဲမြဲမြဲရည်မှန်းချက်ကြီးတတ်ပေမယ့် တစ်ခါတစ်လေ အပျင်းထူတတ်တာကတော့ အားနည်းချက်တစ်ခုဖြစ်နေပါတယ်။

ချစ်သူ ရဲ့ အလိုလိုက်ဂရုစိုက်မှုတွေခံချင်ပြီး စိတ်အလိုမကျတိုင်းမှာ ချစ်သူကိုပဲ ရစ်လိုက်စိတ်ကောက်လိုက်နဲ့ နွဲ့ဆိုးဆိုးတတ်ကြပါတယ်။

တခြားသူစိမ်းတစ်ယောက် လာချဉ်းကပ်ရင်တောင်မှ မာနကြီးတစ်ခွဲသားနဲ့ ငြင်းထုတ်လေ့ရှိပြီး ကိုယ့်ချစ်သူကလွဲပြီး ဖွဲနဲ့ ဆန်ကွဲ လို့ မြင်သူတွေပါ။

အချစ်နဲ့ပတ်သက်ရင် အလုပ်လိုပဲ စိတ်နှစ်ထားလေ့ရှိပြီး မရမချင်းပိုင်ဆိုင်ချင်တဲ့သူတွေပါ။ အရစ်လွန်ပြီး သဝန်တိုလွန်းတဲ့ သူတို့ရဲ့ စိတ်ကြောင့် တော်ရုံအနွံတာခံနိုင်တဲ့ချစ်သူရဖို့ဆိုတာလည်း တော်တော်ကိုမလွယ်သူတွေဖြစ်ပါတယ်။ တကယ်သူတို့အပေါ်ကောင်းပြီး ချစ်တဲ့သူတွေ့ပြီဆိုရင်တော့ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် နူနူဝဲဝဲ ချစ်သူကို လက်တွဲချင်တဲ့ အချစ်သူရဲကောင်းကြီးတွေပါ။

ကဲ မှန်တယ်ဟုတ် ဒီခေတ်ကြီးမှာ ဒီလိုလူမျိုးက ရှားသွားပြီဆိုတော့ O သွေးပိုင်ရှင်လေးတွေကို လက်လွတ်မခံနဲ့နော်။  

#Stella

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။