အနုပညာလောကမှာ နာမည်ကောင်းတွေနဲ့ ရပ်တည်နေတဲ့ ဒါရိုက်တာ ဝိုင်းကတော့ မော်လ်ဒယ် သရုပ်ဆောင် မင်းသားချောလေး အလင်းရောင်ကို မှတ်ချက်ကောင်း တစ်ခု ပေးလိုက်ပါတယ်..။

ဒါရိုက်တာ ဝိုင်းက အလင်းရောင်ရဲ့ အကြောင်းကို သူ့ရဲ့ Fb စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ရေးသားဖော်ပြလိုက်တာ ဖြစ်ပါတယ်..။

ဒီဇင်ဘာ(၅)ရက်နေ့မှာ “အလင်းရောင်နဲ့ ပါတ်သက်ပီးပြောရရင်...

လူသစ်တန်းထဲမှာ ထူးချွန်လာမယ့်သရုပ်ဆောင်တယောက်ပါ...” ဆိုပြီး သူ့ရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ် ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ တတ်သစ်စ မော်လ်ဒယ် သရုပ်ဆောင်တွေထဲမှာ မင်းသားချောလေး အလင်းရောင်ကလည်း တစ်ဦးအပါအဝင်ဖြစ်တာ တွေ့ရပါတယ်..။

မင်းသားချောလေး အလင်းရောင်က အခုတစ်ခေါက်မှာတော့ ဒါရိုက်တာ ဝိုင်းဆီက မှတ်ချက်ကောင်းတစ်ခုကို ရရှိလိုက်တာ ဖြစ်ပါတယ်..။

မိန်းကလေး ပရိသတ်အများဆုံး ရရှိထားတဲ့ မင်းသားချော အလင်းရောင် ဟာ အနုပညာလောကထဲကို မော်လ်ဒယ်သရုပ်ဆောင် အဖြစ်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်..။

ဒါရိုက်တာ ဝိုင်းနဲ့လည်း ဇာတ်ကားတွေ ရိုက်ကူးထားတဲ့ အလင်းရောင်ဟာ “သမ္မတကြီးထံပေးစာ” ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး မကြာခင် ရုံတင်ပြတော့မယ့် “3 Girl” ရုပ်ရှင် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

“3 Girl” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် ဒီဇင်ဘာ(၁၅)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး အလင်းရောင်၊ ဖွေးဖွေး၊ အိချောပို၊ ပိုင်ဖြိုးသု တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။

“3 Girl” ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာနဲ့ ပထမဆုံး ပွဲဦးထွက် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး အဲ့ဒီ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ရင်ခုန်နေတယ်လို့ ဆိုပါတယ်..။

Source - ဝိုင်း fb

Photo - အလင်းရောင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။