နန်းခင်ဇေယျာတစ်ယောက်တော့ ကယားပြည်သို့ရောက်ရှိလို့နေပါတယ်။ အရမ်း ချမ်းအေး တဲ့ ရာသီဥတုရှိနေပေမယ့်လည်း သူမကတော့အလှမပျက်ကြံခိုင်နေသူပါ။ အမြင့်ပေ ၆၀၀၀  ရှိတဲ့ တောင်တက်ခရီးစဉ် စတင်တော့မယ်လို့လဲ သူမရဲ့ပရိသတ်များကို အသိပေး ထားပါသေးတယ်။

ခရီးသွားခြင်းဟာ သူမကြိုက်နှစ်သက်တဲ့ အလုပ်တစ်ခုလို့လဲဆိုနိုင်ပါတယ်။ အင်္ဂလိပ်နဲ့ ဂျာမန် ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်တဲ့ သူမဟာခရီးသွားဧည့်လမ်းညွှန် တစ်ယောက်ပါ။ Miss Myanmar 2012 ရရှိထားကာ မြန်မာနိုင်ငံရဲ့ပထမဆုံးလူသိများခဲ့တဲ့ miss တစ်ယောက်လို့လဲဆိုနိုင် ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးများနှင့် တီဗွီကြော်ငြာအစီ အစဉ် များတွင် တော်တော်များများမြင် တွေ့ရပြီး သရုပ်ဆောင်အပြင် မော်ဒယ်အပိုင်းတွင် လည်း ထူးချွန်သူပါ။

သီချင်းဆိုကောင်းသူတစ်ယောက်လည်း ဖြစ်ပြီး သူမရဲ့ NONSTOP DVD Karaoke တေးစီးရီး Promotion ပွဲများကိုယခုဒီဇင်ဘာလအတွင်းပြုလုပ် သွားမှာ ဖြစ်ပါ တယ်။ ကယားပြည်နယ် က အေးချမ်းလှပတဲ့တောင်များနှင့် လင်းလက်စွာလှပနေတဲ့ မင်းသမီးချော နန်းခင်ဇေယျာ ရဲ့ ပုံလေးများကို Myanmar Load ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ လိုက်ပါတယ် ။

Source – Nang Khin Zay Yar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။