အသက် ၂၃ နှစ်အရွယ်ရှိ ကောင်မလေးတစ်ယောက်ဟာ ထူးခြားပြီးတော့ ကုသအဖြေရှာရခက်ခဲနေတဲ့ ရောဂါဝေဒနာတစ်ခုကို ခံစားနေရတာလည်းဖြစ်ပါတယ်။သူမခံစားနေရတဲ့ ရောဂါဝေဒနာကတော့ သူမတစ်ကိုယ်လုံး အရှင်လတ်လတ် မီးရ်ှို့ခံနေရသလိုမျိုး ပူလောင်မှုတွေကို ခံစားနေရတဲ့ အဖြေရှာမရတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။သူမကို တာဝန်ယူစောင့်ကြည့်ကုသပေးနေရတဲ့ ဆရာဝန်ကတော့ အေးတဲ့နေရာမျိုးတွေမှာ သာ နေထိုင်ဖို့ တိုက်တွန်းပြောကြားထားတာလည်းဖြစ်ပါတယ်။

ဒါကြောင့် သူမဟာ သူမခံစားနေရတဲ့ ပူလောင်မှုဒဏ်ကို သက်သာစေဖို့ အအေးခန်း၊ ရေခဲသေတ္တာ စတဲ့ အေးတဲ့နေရာမျိုးတွေမှာသာ သူမ ဟာ နေထိုင်နေရတာလည်းဖြစ်ပါတယ်။သူမဟာ အချိန်တိုင်းလိုလို အအေးခန်းထဲမှာ နေထိုင်နေမှသာ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာတယ်လို့ခံစားရတာဖြစ်ပြီး သာမန်လူတွေလို ပုံမှန်နေထိုင်မှုဆိုတာ သူမအတွက် ဘယ်လိုမှ နေထိုင်လို့မရတော့တာလည်းဖြစ်ပါတယ်။ 

သူမခံစားနေရတဲ့ ဝေဒနာဟာမွေးရာပါ ရောဂါဖြစ်ပြီး တဖြည်းဖြည်း ရောဂါဟာ ဆိုးဝါးလာခဲ့တာကြောင့် ခန္ဓာကိုယ်အနှံ့မှာ မီးလောင်ကျွမ်းခံရသလို ဆိုးဝါးတဲ့ နာကျင်မှုကို ပိုမိုခံစားလာရတာလည်းဖြစ်ပါတယ်။သူမဟာ အချိန်တိုင်း စက္ကန့်တိုင်း နာကျင်မှုဝေဒနာတွေခံစားနေရတာကြောင့် အိမ်အပြင်ဘက်ကို ထွက်ဖို့တောင် မတွေးရဲပဲ အအေးခန်းထဲကပင် မထွက်ရဲလောက်အောင် နေထိုင်နေရတဲ့ သူမရဲ့ ဘဝဟာ အရမ်းပဲ နာကျင်မှုတွေနဲ့ ပြည့်နှက်နေတယ်လို့ သူမက ဆိုခဲ့ပါတယ်။သူမခံစားနေရတဲ့ ရောဂါဝေဒနာ ကို အဖြေရှာလို့မရမချင်း သူမရဲ့ ဘဝဟာ အအေးခန်းထဲမှာသာ အချိန်တွေကုန်လွန်စေသွားမှာပဲဖြစ်ပါတယ်။

source - R Kar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။