ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြတဲ့ နေဒွေးနဲ့ သွန်းဆက်ဟာဆိုရင် အပြင်မှာအရမ်းကို ခင်မင် ရင်းနှီးကြတဲ့ အနုပညာမောင်နှမတွေဖြစ်ကြပါတယ်။ နှစ်ယောက်လုံးဟာ အနုပညာလမ်း ကြောင်းပေါ်မှာ နေရာကိုယ်စီရထားပြီး အောင်မြင်တဲ့အနေအထားတစ်ခုမှာရပ်တည်နေကြ တာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးကိုအားပေးတဲ့ ပရိတ်သတ်တွေကလည်း မနည်းမနောပါပဲ။ ချစ်စရာကောင်းတဲ့ မောင်နှမနှစ်ယောက်ရဲ့ Selfie ပုံရိပ်လေးတွေက တကယ်ကိုသဘော ကျစရာကောင်းလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်မှုကင်းပြီး ပျော်ရွှင် ဖွယ်စနောက်တဲ့ပုံလေးတွေက ရိုးသားတဲ့စိတ်ရင်းလေးတွေကို ဖော်ထုတ်ပြသနေသလိုပါပဲ။

နေဒွေးရဲ့ Facebook မှာ သွန်းဆက်နဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံကို “Shooting ၂ခုဆုံတုန်း EdmWP ဂတုံးနှင့်အမှတ်တရ ” ဆိုပြီးနောက်ပြောင်ပြီးတင်ထားတာဖြစ်ပါတယ်။ သွန်းဆက် ဟာ ပြီးခဲ့တဲ့ လပိုင်း တွေက သီလရှင်ဝတ်ထားတာကြောင့် ဆံပင်ပြန်မရှည်သေးပဲ အခုထိ ကတုံးဆံပင်ပေါက်လေးအတိုင်း ပဲ ဖြစ်နေသေးတာပါ။ သွန်းဆက်ကလည်း အားကျမခံ သူမရဲ့ Facebook ပေါ်မှာ နေဒွေးနဲ့အတူ တွဲရိုက်ထားတဲ့ပုံလေးကို “ရှုတင်ချင်း မတူပေမယ့်လဲ ရိုက်ရတယ့် location မဲပြောင်နဲ့ လာတူနေသော အခါ ... ဆယ်ဖီ ...ဒန်တန့်တန့် ” ဆိုပြီး နောက်ပြောင်ရေးသားထားတာကိုတွေ့ရပါတယ်။ တကယ်ကိုဟန်ဆောင်မှုကင်းတဲ့ သူငယ် ချင်းသံယောဇဉ်ကို အတိုင်းသားမြင်လိုက်ရပါတယ်။

နှစ်ယောက်သား ရုပ်ပြောင်လေးတွေနဲ့ Selfie ရိုက်ထားတာဖြစ်ပြီး ပုံလေးတွေက သဘော ကျချင်စရာ ကောင်းလှပါတယ်။ နှစ်ယောက်လုံးရဲ့ရိုးသားပွင့်လင်းမှုနဲ့ စိတ်သဘောထား ကောင်းပုံလေးတွေက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စနောက်ပြီးတင်တဲ့ ပုံလေး တွေရဲ့ Caption လေးတွေမှာ ပေါ်လွင်နေပါတယ်။ အနုပညာမောင်နှမနှစ်ယောက်ဖြစ်တဲ့ နေဒွေးနဲ့ သွန်းဆက်တို့ရဲ့ ပြုံးရွှင်ချင်စရာ Selfie ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Photo – Nay Dway / Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။