မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ညိမ်းသော်တစ်ယောက် လက်ရှိမှာ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ ကို မိသားစုနဲ့အတူ အလည်အပတ်ခရီးစဉ်အဖြစ်ရောက်ရှိနေတာဖြစ်ပါတယ်။ ညိမ်းသော်ဟာ “ ည” ရုပ်ရှင်ကားနဲ့ နာမည်စတင်ရရှိလာခဲ့ပြီး ပရိတ်သတ်တွေ လက်ခံ အားပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ ကိုရီးယားနာမည်ကျော်တစ်ဦးဖြစ်တဲ့ လီမင်ဟိုနဲ့လည်း ရုပ် ချင်းဆင်သလိုလိုလေးရှိတာကြောင့် ပိုမို နာမည်ကြီးလာခဲ့ပြီး အခုဆိုရင် ပရိတ်သတ် အခိုင် အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်လို့နေပါပြီ။ တီရှပ်အမဲရောင်နဲ့ ဘောင်းဘီအတို အမဲရောင်ကို တွဲဖက်ဝတ်ဆင်ထားပြီး ရှပ်အင်္ကျ ီအဆင်ဆန်း တစ်ထည်ကို အပေါ်ကထပ် ဝတ်ထားတဲ့ ညိမ်းသော်ရဲ့ပုံစံက လူငယ်ဆန်ပြီး အရမ်းကိုပေါ့ပါးနေပါတယ်။

မျက်မှန်အမည်းလေးကိုတပ်ပြီး အိုက်တင်ထုတ်ထားတဲ့ ညိမ်းသော်ရဲ့ပုံရိပ်တွေအောက်မှာ ပရိတ်သတ် မိန်းကလေးတွေကလည်း သူတို့ Idol အတွက် အချစ်တွေတပုံတပင်နဲ့ ကောမ န့်တွေ ပေးခဲ့ကြပါတယ်။ ခပ်ချောချော ခပ်သန့်သန့်မော်ဒယ် သရုပ်ဆောင်လေးဖြစ်တဲ့ ညိမ်း သော်ရဲ့ ခရီးသွားပုံရိပ်တွေက ပရိတ်သတ်တွေကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့ပါတယ်။ မဂ္ဂဇင်းတွေအတွက် မျက်နှာဖုံးဓာတ်ပုံ တွေရိုက်ကူးပေးနေရပြီး အနုပညာလမ်းကြောင်း ပေါ်မှာ နေရာတစ်နေရာကို ရရှိပိုင်ဆိုင်ထားတဲ့ တက်သစ်စ မော်ဒယ်တစ်ဦးပဲဖြစ်ပါတယ်။

အရမ်းကိုသန့်ပြန့်နေတဲ့ပုံလေးနဲ့ လူငယ်ဆန်ဆန်ဝတ်ဆင်မှုတွေကြောင့် ညိမ်းသော်ကိုချစ်တဲ့ ပရိတ်သတ်တွေက သည်းသည်းလှုပ်နေရတာထင်ပါရဲ့။ ညိမ်းသော်ရဲ့ ထိုင်းနိုင်ငံ အယုဒ္ဓယ မြို့မှာ မိသားစုနဲ့အတူဘုရားဖူးနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။