မကြာခင်ကာလအချိန်မှာ ဒီဇင်ဘာလကုန်ပြီး နှစ်သစ်ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ နှစ်ဟောင်းမှာ မပြီးမြောက်ခဲ့တဲ့ အလုပ်တွေ ၊ ရည်မှန်းချက်တွေကို နှစ်သစ်မှာ အကောင်အထည်ဖော်ကြတယ်ဆိုရင်လည်း မမှားပါဘူး။ ဒီဇင်ဘာ ၃၁ရက်နေ့ ညပိုင်းဟာ နှစ်သစ်ကိုကြိုဆိုတဲ့ အခမ်းအနားပွဲတွေ ကျင်းပကြတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ တစ်ဝန်း နှစ်သစ်ကို ကြိုဆိုတဲ့ ပွဲတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ရီယိုဒီဂျနေးရိုး

ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနေးရိုးမြို့၊ ကိုကာဘာနာကမ်းခြေမှာတော့ နှစ်သစ်ကြိုဆိုပွဲ အခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးပွဲတော်ဖြစ်ပြီး ဒေသခံ သန်းနဲ့ချီပြီး ပါ၀င်ဆင်နွှဲကြပါတယ်။

အော်လန်ဒို

အမေရိကန်နိုင်ငံ ၊ အော်လန်ဒိုမြို့မှာတော့ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ မီးထွန်းပွဲတော်နှင့် လေဆာရှိုးပြတာတွေကို ကျင်းပလေရှိပါတယ်။ဒေသခံတွေနဲ့ လာရောက်လည်ပတ်သူတွေ များပြားလှပြီး မီးလုံးထောင်ပေါင်းများစွာကို ပွဲတော်မှာ အသုံးပြုထားပါတယ်။

လန်ဒန်

အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့မှာတော့ နှစ်သစ်ကြိုဆိုပွဲကို သိမ်းမြစ်ဝန်းကျင်မှာ ကျင်းပလေ့ရှိပါတယ်။အဆိုပါနေရာတွင် ကြီးမားတဲ့ ချားရဟတ်ကြီးလည်းရှိပြီး ထောင်နဲ့ချီတဲ့ လည်ပတသူတွေပါ၀င်လှည့်လည်လေ့ရှိပါတယ်။

ဆစ်ဒနီ

သြစတေးရီးယားနိုင်ငံ၊ ဆစ်ဒနီမြို့မှာတော့ လှပလွန်းတဲ့ မီးရှုးမီးပန်း တင်ဆက်ပြသမှုတွေရှိပါတယ်။ ထိုတင်ဆက်မှုကို မြစ်အတွင်းမှာပြုလုပ်တာဖြစ်ပြီး သင်္ဘောခြောက်စင်းပေါ်ကနေ မီးပန်းတွေကိုပစ်လွှတ် အလှပြတင်ဆက်တာဖြစ်ပါတယ်။

နယူးယောက်

အမေရိကန် ၊နယူးယောက်မြို့ရဲ့ နှစ်သစ်ကြိုဆိုပွဲတွေမှာ လူထောင်ပေါင်းများစွာပါ၀င်ဆင်နွှဲကြပါတယ်။ ဓါ့အပြငါ တိုင်းမ်စကွဲရင်ပြင်မှာ အမြင့် ရ၇ ပေအထိ ဘောလုံးကြီးကို လွှင့်တင်ကာ နှစ်သစ်ကို ကြိုဆိုတဲ့ အခမ်းအနား ကျင်းပလေ့ရှိပါတယ်။ 

Source: Wow Box

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။