ရှမ်းအုပ်စုချောင်ပြီးရန်ကုန်အုပ်စုကျပ်ထဲရောက်သွားတဲ့AFC Cup

AFC Cup 2018 ပြိုင်ပွဲအတွက် အုုပ်စုုမဲခွဲပွဲကို မလေးရှားနိုုင်ငံ ကွာလာလမ်ပူမြို့ရှိ

AFC ရုုံးချုပ်မှာ မနေ ့က ကျင်းပခဲ့ပါတယ်။မဲခွဲမှှုအရ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ

ရှမ်းယူနိုက်ဟာအုပ်စုချောင်ထဲကျရောက်ခဲ့ပြီးရန်ကုန်ယူနိုက်တက်ကတော ့

အုပ်စုကျပ်ထဲကျရောက်ခဲ့ပါတယ်။ ရှမ်းယူနိုုက်တက် ဟာ ဖိလစ်ပိုုင်ကလပ်အသင်း၊

စင်ကာပူကလပ်အသင်း ဟုုမ်းယူနိုုက်တက်၊

ကမ္ဘောဒီးယား သိုု့မဟုုတ် လာအုုိ ကလပ်အသင်းများနှင့် အုုပ်စုု (F) မှာကျရောက်နေပါတယ်။

အုပ်စုအနေအထားအရရှမ်းထက်အင်အားကြီးတာတစ်သင်းမှမပါပါဘူး။

ဖိလစ်ပိုင်ကလပ်တွေဟာအင်အားနည်းတဲ့အသင်းတွေဖြစ်ပြီးဟုမ်းယူနိုက်တက်

ကလည်းခြေစွမ်းအကောင်းကြီးမဟုတ်ပါဘူး။

ခမာနဲ့လာအိုကလပ်တွေကလည်းရှမ်းအနိုင်ယူမယ်ဆိုအနိုင်ယူလို ့ရမယ် ့အခြေအနေပါ။

ရန်ကုန်ကတော ့ အုပ်စု (G) မှာအင်ဒိုနီးရှားမှ ဘာလီ ယူနိက်တက်(သို့)မဒူရာ ယူနိုက်တက်အသင်း၊

ဖိလစ်ပိုင်လိဂ်မှ ဒုတိယရရှိသည့် အသင်း၊ ဗီယက်နမ်မှ သန်ဟွာ(သို့)ဟနွိုင်း အသင်းတို့နှင့် အတူယှဉ်ပြိုင်ကစားရမှာပါ။

ဘာလီယူနိုက်တက်ဟာဒေသတွင်းအင်အားကြီးအသင်းဖြစ်ပြီးဗီယက်နမ်ကလပ်တွေကဘည်း

ခြေစွမ်းကောင်းမွန်တာကြောင် ့ရန်ကုန်မလွယ်ပါဘူး။

ရှမ်းအသင်းဟာ AFC Champion League Play-off အဆင့်က

ပြုတ်လာမှသာ AFC Cupမှာ ကစားရမှာပါ။AFC Champion League

အုပ်စုအဆင့် ကိုရောက်ဖို ့စုစုပေါင်းခြေစစ်ပွဲသုံးပွဲကစားရမှာပါ။

ပထမဆုံးပွဲကဖိလစ်ပိုင်ချန်ပီယံအသင်းနဲ့ကစားရမှာဖြစ်ပြီး

ကျော်ဖြတ်နိုင်ခဲ့ရင် သြဇီကလပ် ဘရစ္စဘိန်းရိုအာနဲ့ကစားရမှာပါ။

ဖိလစ်ပိုင်နဲ့ပွဲကိုတော ့ရန်ကုန်မှာ ကန်မှာဖြစ်ပြီး

နိုင်ခဲ့ရင် သြဇီမှာ အဝေးကွင်းသွားကန်ရမှာပါ။

ဘရစ္စဘိန်းရိုအာကိုဖြတ်ကျော်နိုင်ခဲ့ရင်တော ့တရုတ်စူပါလိဂ်ကလပ်

တန်ကျင်းကွမ်နင်းနဲ့တွေ ့မှာပါ။

Source-YUTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။