တစ်ပတ်အတွင်းမှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ အိချောပိုရဲ့ ချစ်စရာပုံရိပ်လေး တွေကိုစုစည်း တင်ပြပေးလိုက်ပါတယ်။

အိချောပိုကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်း အနုပညာရှင်မင်းသမီးချော တစ်ယောက် ပဲဖြစ်ပါတယ်။ 

အနုပညာပျိုးခင်း အစီစဉ်ကနေမင်းသမီးချော ဖြစ်လာတဲ့သူမဟာ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ်အားပေးမှု အခိုင်အမာနဲ့အနုပညာ လမ်းကြောင်းပေါ်မှာ ဆက်လက် လျောက်လှမ်း နေသူတစ်ဦးပဲဖြစ်ပါတယ်။

အိချောပိုဟာ မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းကိုကြည့်ကောင်းတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြန်မာအကျီ င်္လေး တွေဟာသူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေပေါ်လွင်စေပြီး သူမကိုယ်တိုင်လည်း မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ရတာ အရမ်းနှစ်သက် တယ်လို့ဆိုပါတယ်။

ယခုနောက်ပိုင်း သူမရဲ့ အနုပညာ လှုပ်ရှားမှု တော်တော်များများမှာလည်းမြန်မာရိုးရာ ဝတ်စုံလေးတွေကို အသားပေးဝတ်ဆင် လာတာကို တွေ့ရပါတယ်။

မြန်မာမိန်းကလေး တစ်ယောက်ရဲ့ အလှစစ်ကို ဖော်ကျူးပြသ တဲ့သူမရဲ့ပုံရိပ်လေးတွေဟာ လည်းပရိသတ်တွေ ကြိုက်နှစ်သက်ဆုံး ပုံရပ်လေးတွေဖြစ်နေပါတယ်။ 

အိချောပိုရဲ့ လက်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ "ငါ့ဥ"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေး ကိုရိုက်ကူး ပုံဖော်နေတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေး ထဲမှာလည်း မြန်မာဝတ်စုံလေးတွေ နဲ့ မြန်မာရိုးရာသနပ်ခါးလေး လိမ်းခြယ်ထားတဲ့ ချစ်စရာကောင်မလေး အဖြစ်သရုပ်ဆောင် ထားတာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်း တဲ့ပုံရိပ်လေးတွေဟာလည်း လူမှုကွန်ယက်တွေမှာ ပျံနှံ့နေပြီးပရိသတ်တွေ ရင်ကိုလှုပ်ခတ်စေခဲ့ကာ ရှုတိုင်းယဉ်လေးဖြစ်လို့နေပါတယ်။

ဒီတစ်ပတ်အတွင်း လူကြိုက်များတဲ့အိချောပိုရဲ့ မြန်မာဆန်ဆန် အလှပုံရိပ်လေးတွေကိုလည်း ကြည်ရှု့သူပရိသတ်အပေါင်း ဘဝနှလုံး အေးချမ်းစေ ဖို့မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။