ဒီဇင်ဘာလကတော့ ဆောင်းရာသီရဲ့ အအေးချမ်းဆုံးလလေးဖြစ်သလို ခရစ်စမတ်ရာသီဖြစ်တဲ့အတွက် ခရီးသွားရင်းနဲ့ ကုန်ဆုံးကြတာများပါတယ်။

နာမည်ကြီးအနုပညာရှင်တွေတော်တော်များများ ကိုယ်ရေးကိုယ်တာ နဲ့သော်လည်းကောင်း အလုပ်ကိစ္စတွေနဲ့သော်လည်းကောင်း ခရီးတွေထွက်နေကြတာတွေ့ရပါတယ်။

ပရိသတ်အချစ်တော်မင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်အပတ်ရောက်ရှိနေတယ်လို့သိရပါတယ်။

ကားရိုက်တွေနည်းသွားတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ ဟာ ပရိဟိတအလုပ်တွေနဲ့ပဲ ပျော်မွေ့နေပြီး သက်ငယ်မုဒိန်းမှုပပျောက်ရေးကိုလည်း ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။

နာမည်ကြီး ၀ါရင့်သရုပ်ဆောင် မြင့်မြင့်ခိုင်ရဲ့ တူမဖြစ်တဲ့ ခိုင်နှင်းဝေဟာ တစ်ချိန်က လှပနက်မှောင်တဲ့ဆံပင်အရှည်ကြီးတွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့သူဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေနည်းသွားပေမယ့်လည်း ပရိဟိတတွေလုပ်နေရရင် ပျော်ရွှင်နေတတ်တဲ့ သူမရဲ့ စိတ်ထားလေးကတော့ ချီးကျုးစရာကောင်းပါတယ်။

ပရိသတ်အားပေးမှုအခိုင်အမာရရှိနေဆဲဖြစ်တဲ့ ခိုင်နှင်းဝေ တစ်ယောက် သူမရဲ ့ခရီးသွားပုံရိပ်တွေကို ဖေ့ဘုတ်မှာ တင်ထားတာဖြစ်ပါတယ်။  

Source : Khine Hnin Wai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။