ဖေ့ဘုတ်ဆယ်လီတစ်ဦး သို့မဟုတ် beauty blogger တစ်ယောက်လည်းဖြစ်တဲ့ ပရိသတ်အချစ်တော် နေခြည်ဦးဟာ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။အခုချိန်မှာအရမ်းလှနေတဲ့ နေခြည်ဦးဟာ ငယ်စဉ်အချိန်တုန်းက သူငယ်ချင်းတွေက ရုပ်ဆိုးတယ်ဆိုပြီး နှိမ်တာကိုခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒ့ါအပြင် ပြန်လာမယ်လို့ပြောပြီး ထားခဲ့တဲ့ငယ်ရည်းစားက အခုမှ ချီချီ ချီချီဖြစ်နေတာကိုလည်းမုန်းတယ်ဆိုပြီး ရေးသားထားပါတယ်။သူမကတော့ ရင်တွင်းခံစားချက်ကိုအဓိက ဖော်ပြချင်တာမဟုတ်ပါဘူး။သူမပြောချင်တာကတော့ မိန်းကလေးတွေအနေနဲ့ ဘယ်လောက်ပဲရုပ်ဆိုးနေပါစေ မိမိကိုယ်ကိုယ်လှပအောင်ပြင်ဆင်တတ်မယ်ဆိုရင်တော့ လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်လာမှာပဲဖြစ်ပါတယ်။

သူမဟာ မိန်းကလေးပရိသတ်များစွာရရှိနေပြီပဲဖြစ်ပါတယ်။သူမရဲ့ ဖေ့ဘုတ်မှာတော့

“ငယ်ငယ်တုန်းက ရုပ်ဆိုးတယ်ဆိုပြီး

နှိမ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း မုန်းတယ်။

ပြန်လာမယ်ပုံပြောခဲ့ပြီး အခုမှ ချီချီ ချီချီ ဖြစ်နေတဲ့

ငယ်ရည်းစားလည်မုန်းတယ်

ခွဲစိတ်ပြုပြင်စရာမလိုဘဲ မျက်နှာအချိုးအစားကို

ပြောင်းလဲပြုပြင်လို့ရတဲ့ DERMAL FILLERS များ

အကြောင်းနဲ့ beautybynaychi Page လေးကို

အခုပြန်အသက်သွင်းလိုက်မယ်နော်။

ဒီ review ပြီးရင်

Camera ရိုက်ရင် ဘယ်လို pose ပေးရမလဲ vlog ပါ

လုပ်ဦးမယ်ကွာ

Dont forget to go and like my page ASAP” ရေးသားထားပါတယ်။

source -Naychi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။