ဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ဖွေးဖွေးကတော့ သူမ အကြောက်ဆုံးနဲ့ အပင်ပန်းဆုံး အရာကို ပရိသတ်တွေကို ပြောပြလာပါတယ်..။

ပြည်သူ့ အချစ်တော် မင်းသမီးလေးချောလေး ဖွေးစိန်က သူတစ်ပါးအပေါ် စိတ်ပုပ်ရတာ စိတ်ယုတ်မာရတာတွေဟာ သူမအတွက်တော့ အပင်ပန်းဆုံးနဲ့ အကြောက်ဆုံးအရာ ဖြစ်တယ်လို့ ဆိုပါတယ်..။

ပြီးခဲ့တဲ့ လပိုင်းလောက်က fb အကောင့်နဲ့ ပေ့ချ်တွေကို အဟက်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ပါသေးတယ်..။

စိတ်ပုပ်ရတာတွေကို ကြောက်တဲ့ သူမကတော့ မကြာခင် ရုံတင်ပြသမယ့် “3Girl” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဗီလိန် ဇာတ်ကောင် ကာရိုက်တာနဲ့ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်..။

ဒီဇင်ဘာ(၆)ရက်နေ့မှာတော့ ဖွေးစိန်လေးက သူမရဲ့ fb စာမျက်နှာမှာ “တကယ်တော့ လောကမှာ ဖွေးအတွက်အပင်ပန်းဆုံးနဲ့ အကြောက်ဆုံးအလုပ်က စိတ်ပုတ်ရတာ ကိုပါ... BUT အဲ့ဒါကို 3Girls မှာ လုပ်ထားတယ်..” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

“3Girl” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သူမကို စိတ်ပုပ် စိတ်ယုတ်မာရတဲ့ ဗီလိန်ကာရိုက်တာနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်တဲ့ အကြောင်းကို သူမက ပြောပြထားတာ ဖြစ်ပါတယ်..။

ဇာတ်ရုပ်တွေကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်မှုတွေကြောင့် ဗီလိန်ကာရိုက်တာနဲ့ သူမကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် ပရိသတ်တွေကတော့ “3Girl” ရုပ်ရှင်ဇာတ်ကားကို စိတ်ဝင်စားမှုများပြားနေပါတယ်..။

“3Girl” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ဝိုင်းက ပုံဖော်ရိုက်ကူးထားပြီး အလင်းရောင်၊ ဖွေးဖွေး၊ အိချောပို၊ ပိုင်ဖြိုးသု တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒရမ်မာ အချစ်သရဲကား တစ်ကား ဖြစ်ပါတယ်..။

ဖွေးစိန်လေးရဲ့ ဗီလိန်ဇာတ်ကောင်နဲ့ အကောင်းဆုံးကြိုးစားထားတဲ့ “3Girl” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာ (၁၅)ရက်နေ့မှာ စတင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်..။

Source - ဖွေးဖွေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။