မြန်မာ့ဂုဏ်ဆောင် One Championship ရဲ့ အကောင်းဆုံး ဖိုက်တာတစ်ဦးဖြစ်တဲ့ အောင်လအန်ဆနး် ဟာ လက်ရှိပွဲတွေမရှိသေးပေမယ့် လေ့ကျင့်ခန်းတွေ ပုံမှန်လေ့ကျင့် လျှက်ရှိနေတာကို သိရပါသည်။ အောင်လ သည်မြန်မာကို ကမ္ဘာသိအောင်ပြသပေးခဲ့တဲ့ လက်ဝှေ့အားကစားတစ်ယောက်ဖြစ်တဲ့အပြင် မြန်မာပြည်သား ဖြစ်တဲ့အတွက် မျိုးချစ်စိတ်အပြည့်အဝ ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ အောင်လ သည် လက်ရှိအမေရီကန်တွင် သူ့ရဲ့ပင်မ ကစားရုံတွင်လေ့ကျင့်နေပီး အမြဲပရိသတ်များနဲ့ အထိတွေ့ရှိနေသူ တစ်ယောက်ပင်ဖြစ်ပါတယ်။

မြန်မာပြည်သား မြန်မာဖွားအားကစားသမားများထဲမှ ကမ္ဘာသိအောင် ပြသနိုင်ခဲ့သူ အောင်လအန်ဆန်းသည် လက်ရှိသမီးတစ်ယောက်၊ သားတစ်ယောက် မွေးဖွားထားသော ဖခင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့အဓိက သင်ကြားသောပညာမှာ ဘရာဇီးနိုင်ငံ ၏ အဓိက ကစားနည်း ဂျုဂျစ်ဆု ကစားနည်းပင်ဖြစ်ပါတယ်။ လက်ရှိ အောင်လ၏ သမီးအကြီးမှာလည်း လေ့ကျင့်သင်ကြားလျက်ရှိသည် ကိုပြောပြခဲ့ပါတယ်။ အောင်လ သည် သားယောကျာင်္းလေးမွေးဖွား ထားသူတစ်ယောက်ဖြစ်သည့်အပြင် သားလေးအပေါ် လွန်စွာချစ်မြတ်နိုးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ လက်ရှိအမေရီကန်တွင် လေ့ကျင့်ပေးနေသော ဆရာများနဲ့ပုံများကိုလည်း သူ့ရဲ့ Facebook page တွင်တင်ခဲ့ပီး အမြဲတမ်းအကောင်းဆုံး ကြိုးစားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။ လေ့ကျင့်ပေးသော သူငယ်ချင်း ဆရာများကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာ့ဂုဏ်ဆောင် ကစားသမားကြီး အောင်လကိုအားပေးနေသော ပရိသတ်ကြီးကို အောင်လ၏လက်တလောလှုပ်ရှားမှု များကို မျှဝေပေးလိုက်ပါတယ်။

Source- Aung La Nsang 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။