မိစန္ဓီရဲ့သီချင်းတွေကတော့ ထွက်ရှိသမျှသီချင်းတိုင်းက အသစ်ဖြစ်စေ အဟောင်းဖြစ်စေ လူငယ်တွေနှုတ်ဖျားမှာ ရေပန်းစားနေလျက်ရှိပါတယ်။လူငယ်အဆိုတော်တစ်ယောက်ပီပီ မြူးကြွသွက်လက်ကာ လူငယ်များအကြိုက်သီချင်းများ ရေးသားကာ ကိုယ်တိုင်သီဆို တက်သူ လဲ ဖြစ်ပါတယ်။ပရိတ်သတ်ရဲ့သီချင်းတောင်းဆိုမှု အများဆုံးထဲမှာလည်း နှစ်တိုင်းလိုလို ပါဝင်နေသူပါ။

ဒီဇင်ဘာလ (၆)ရက်နေ့ကတော့ ဆံပင်များကောက်ကာ အညှိရောင်နှုတ်ခမ်းနီနဲ့ လန်းဆန်း တက်ကြွနေတဲ့ သူမကို ချစ်စရာစုတ်ဖွားခွေးလေးတစ်ကောင်နှင့်အတူ မြင်တွေ့ရ ပါတယ်။သူမကတော့

“ ဆံပင်ကေ ဆင်တူနဲ့ သူငယ်ချင်းနဲ့တွေ့စဉ် အမှတ်တရ.. သူကပြူးပြူးနဲ့ စမီးက ဘူးဘူး” ဆိုတဲ့ ရယ်မောစရာစာသားလေးနဲ့အတူ ပုံလေးတွေတင်ထားပါသေးတယ်။

Coca Cola Myanmar ၊Sony နဲ့ M-150 Myanmar တို့ရဲ့ Brand Ambassador တစ်ယောက် လည်း ဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လူငယ်ဖွံ့ဖြိုးရေးပွဲတော်ရဲ့ Talk Show မှာ ဆရာမပုညခင်နဲ့ အတူ လူငယ်တွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ များဆွေးနွေး  ခဲ့တဲ့ သူမကတော့ ဘက်စုံထူးချွန်သူလို့ ဆိုနိုင်ပါတယ်။ လွမ်းပိုင်နဲ့ ထက်ထက်တို့ရဲ့  ဆိုင်ဖွင့်ပွဲ မှာလည်း မြန်မာဝတ်စုံနဲ့ သူမကို တက်ကြွစွာမြင် တွေ့ရပါ သေးတယ်။ အရမ်းချစ်ဖို့ကော င်းနေ တဲ့သူမရဲ့ပုံလေးတွေကိုလည်း ကြည့်ကြည့်ပါနော် ပရိသတ်ကြီး ။

Source - MiSandi Min Nyan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။