သရုပ်ဆောင် ညီထွဋ်ခေါင်နဲ့သွန်းဆက်တို့ဟာ “ကြက်ဥ ဘဲဥ အချစ်ဥ” ဆိုတဲ့ ဟာသရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းပုံရိပ်တွေကို Facebook ပေါ်မှာတင်ခဲ့ပါတယ်။ နှစ်ယောက်လုံးက အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီနဲ့ ရပ်တည်နေတဲ့ မင်းသား မင်းသမီးတွေ ဖြစ်ကြပါတယ်။ ပြီးခဲ့လတွေက ညီထွဋ်ခေါင်တစ်ယောက် သာသနာ့ဘောင်ကို ဝင်တော့လည်း သွန်းဆက်က သွားရောက်ဖူးမျှော်ခဲ့ပါသေးတယ်။ လက်ရှိမှာရိုက်ကူးနေ တဲ့ “ ကြက်ဥ ဘဲဥ အချစ်ဥ ” ဇာတ်ကား ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ခပ်ပြောင်ပြော င်လေးရိုက်ထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးထွက်လာရင်လဲ ဘယ်လိုမျိုး ဟာသရသတွေပေးနိုင်မလဲဆိုတာ စိတ်ဝင်စား စရာပဲနော်။ နှစ်ယောက်လုံးက အောင်မြင်ပြီးသားသူတွေဖြစ်ကြတာမို့ သရုပ်ဆောင်ပိုင်းမှာ တော့ ပြောစရာ မလိုလောက်အောင် ပြည့်စုံနေပြီးသားပါပဲ။ ပြီးခဲ့လပိုင်းတွေတုန်းကလည်း မင်းသမီးသွန်းဆက်အနေနဲ့ သာသနာ့ဘောင်ဝင်ခဲ့တာကြောင့် ကတုံးတုံးခဲ့ရပြီး လူပြန်ထွက် တဲ့အခါ ဆံပင်မရှည်သေးတာကြောင့် သူမကို ကတုံးမဆိုပြီး ခေါ်ဝေါ်တာတွေများလာတဲ့ အပေါ် စိတ်မကောင်းဖြစ်ရကြောင်းကို ပြောထားပါ သေးတယ်။

ဇာတ်ကားနာမည်လေးကလည်း “ ကြက်ဥ ဘဲဥ အချစ်ဥ ” ဆိုတော့ ခပ်ဆန်းဆန်းလေးပဲနော် ပရိတ်သတ်ကြီး။ ဒီဇာတ်ကားထဲမှ အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ ညီထွဋ်ခေါင်နဲ့ သွန်း ဆက်တို့ နှစ်ယောက် အချစ်ဥကို ဘယ်လို ဥ ကြမလဲဆိုတာ စိတ်ဝင်စားစရာပဲမို့ ဇာတ်ကား ထွက်လာရင် အားပေးဖို့မမေ့နဲ့ဦးနော် ပရိတ်သတ်ကြီး။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။