အနုပညာရှင်များ

ခရီးသွားကောက်ကြောင်းကို ပုံဖော်နေတဲ့ သူတို့

Stella လွန်ခဲ့သော ၁၁ နေ့ က

နိုင်ငံကျော်အနုပညာရှင်တွေအများစုနဲ့ ရိုက်ကူးနေတဲ့ ခရီးသွားကောက်ကြောင်း ဆိုတဲ့ အစီစဉ်လေးဟာ ရှမ်းပြည်နယ် နမ့်စမ်ဘက်မှာ ရိုက်ကူးနေတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ လှပတဲ့ ရှုခင်းတွေနားမှာ ခက်ခက်ခဲခဲ သွားရောက်ရိုက်ကူးကြတဲ့ မော်ဒယ်သရုပ်ဆောင် ဘုဏ်းသိုက် ၊ နိုင်းနိုင်း ၊ ခါရာ တို့အဖွဲ့ဟာ သူတို့ရဲ့ စွန့်စားခန်းပုံရိပ်တွေကို လူမှုကွန်ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။

ဘုဏ်းသိုက်ကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတဲ့ အဆိုပါ ခရီးသွားကောက်ကြောင်း ရိုက်ကူးရေးပုံရိပ်တွေဟာ ရှမ်းပြည်နယ် နမ့်စမ် ဘက်က တောတောင် ရေတံခွန်တွေနားမှာ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

ပရိသတ်အချစ်တော် မင်းသား နိုင်းနိုင်း လည်း ပါ၀င်တာမို့ ဒီအစီစဉ်လေးကို စိတ်ဝင်တစားကြည့်ချင်မယ့်သူတွေတော့ များမှာသေချာပါတယ်။

အောင်မြင်စပြုနေတဲ့ မော်ဒယ်သရုပ်ဆောင်ဘုဏ်းသိုက်ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ဇနီးဖြစ်သူချမ်းချမ်းနဲ့ ကွာရှင်းထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာပါ။

အိမ်ထောင်ရေးကိစ္စကြောင့် စိတ်ရှုပ်ထွေးနေပုံရတဲ့ ဘုဏ်းသိုက်တစ်ယောက် အလုပ်တွေဆက်တိုက်လုပ်နေပြီး ခရီးထွက်ရင်းအပန်းဖြေနေပုံရပါတယ်။

ဘုဏ်းသိုက်ဟာ ဗီဒီယိုဇာတ်ကားတွေလည်းရိုက်ကူးနေရသလို ကြော်ငြာအချို့လည်း လက်ခံရိုက်ကူးနေရတာဖြစ်ပါတယ်။

သူတို့အဖွဲ့ထဲမှာ နှုတ်ခမ်းနီမလေးတွေအသဲစွဲ ခါရာလည်း ပါ၀င်ရိုက်ကူးထားပြီး စွန့်စားခန်းတွေနဲ့ပြည့်နှက်နေမယ့် အစီစဉ်လေးတစ်ခုဖြစ်မှာပါ။

မြန်မာပြည်က သယံဇာတတွေကို ဖော်ကျူးထားတဲ့ အစီစဉ်တစ်ခုဆိုလည်းမမှားနိုင်ပါဘူး။  

Source : Hpone Thaik fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။