ဗီယက်နမ်ကိုမရှုံးချင်တဲ့ဂတ်

M-150ဖလားပြိုင်ပွဲဝင်ဖို ့အတွက်မစ္စတာဂတ်ဦးဆောင်တဲ့

မြန်မာယူ-၂၃အသင်းဟာ ထိုင်းနိုင်ငံကိုမနေ ့ကရောက်ရှိခဲ့ပါပြီ။

မြန်မာအသင်းလိုပဲကိုရီးယားနည်းပြသစ်ပတ်ဟန်ဆို

ဦးဆောင်လာတဲ့ဗီယက်နမ်အသင်းဟာလည်းရောက်ရှိလာခဲ့ပါပြီ။

မြန်မာအသင်းမှာ နာမည်ကြီးတိုက်စစ်မှှုးအောင်သူ

မပါ၀င်လာပေမယ် ့ဗီယက်နမ်တိုက်စစ်ကိုတော ့အောင်သူနဲ့

ခေတ်ပြိုင်တိုက်စစ်မှှုးငုယင်ကောင်ဖောင်ဦးဆောင်လာတာကိုတွေ ့ရပါတယ်။

မြန်မာအသင်းမှာမျက်နှာသစ်ကစားသမားတွေအများအပြားပါ၀င်လာခဲ့ပေမယ် ့

ဗီယက်နမ်ကတော ့ဆီးဂိမ်းတုန်းကကစားသမားအားလုံးပါ၀င်လာခဲ့တာတွေ ့ရပါတယ်။

နည်းပြအပြောင်းအလဲရှိပေမယ် ့တည်ငြိမ်တဲ့ခြေစွမ်းကို

ဗီယက်နမ်ထိန်းထားနိုင်တာကိုတွေ ့ရပြီး အာရှယူ-၂၃ခြေစစ်ပွဲအောင်ထား

ပြီးသားအသင်းပါ။အုပ်စုတွင်းမှာမြန်မာဟာဗီယက်နမ်။ဥဇဘတ်ကစ္စတန်တို ့နဲ့

ကစားရမှာဖြစ်ပြီးအဖွင် ့ပွဲကိုတော ့ဗီယက်နမ်နဲ ့မနက်ဖြန်ညနေ(၃း၃၀)မှာစကစားရမှာပါ။

မစ္စတာဂတ်ကတော ့အဖွင် ့ပွဲမှာ ဗီယက်နမ်ကိုမရှံှုးချင်ဘူးလို ့ပြောပါတယ်။

ဒါပေမယ် ့မစ္စတာဂတ်ပြောသလိုဖြစ်ဖို ့ဆိုရင် မျက်နှာသစ်တေါများစွာပါနေတဲ့

မြန်မာအသင်းတော်တော် ကြိုးစားရမှာပါ။

အစဉ်အလာအရပြောကြေးဆိုသက်တမ်းအလိုက်ပြိုင်ပွဲတွေမှာဗီယက်နမ်က

မြန်မာကိုမနိုင်တာကြာပါပြီ။စင်ကာပူဆီးဂိမ်းဆီးမီးဖိုင်နယ်၊အာဆီယံယူ-၁၈ချန်ပီယံရှစ်တွေမှာ

မြန်မာတွေကဗီယက်နမ်တို ့ကိုလှလှပပကျော်ဖြတ်ပြခဲ့ကြပါတယ်။

ဒီတစ်ကြိမ်ထိုင်းမှာရောဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲ။

ထိုင်းမှာကန်တာဆိုတော ့မြန်မာပရိသတ်တွေတော ့အများအပြားလာအားပေးမှာ

အသေအချာပါ၊

မနက်ဖြန်ညနေမှာ မစ္စတာဂတ်ပြောသလိုဖြစ်မဖြစ်ဆိုတာကိုစောင် ့ကြည် ့ကြပါစို ့...

SOURCE-SIAM NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။