မော်ဒယ် သရုပ်ဆောင်အွန်ဆိုင်းကတော့ အရမ်းလန်းတဲ့စတိုင်နဲ့လူတိုင်းငေးအောင် လုပ်လိုက်ပြန်ပါပြီ။မော်ဒယ်လောကမှာ မရှိမဖြစ်မော်ဒယ်တစ်ယောက်လို့တောင်ပြောလို့ရတဲ့ အွန်ဆိုင်းဟာ စတိုင်ကျကျနဲ့မြန်မာရိုးရာဝတ်စုံကို ခေတ်သစ်ဖက်ရှင်နဲ့ပေါင်းစပ်ပြီး သူမရဲ့စတိုင်ကို ထုတ်ပြခဲ့တာပါ။သူမရဲ့သွယ်လျပြီး အဆီမရှိတဲ့ ခန္ဓာကိုယ်လေးဟာ မော်ဒယ်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ အညီဖော်ပြနေလိုသလိုပါပဲ။

သူမဟာရဲ့ဖေ့ဘုတ်မှာတော့ အခုလိုပဲရေးသားထားပါတယ်

“မနေ့ညက show ပွဲလေ

Myanmay Modern Dresses by #JusticeArt

In love the whole collection it's so beautiful”

သူမကိုမိတ်ကပ်ပြင်ပေးသူကတော့ မိတ်ကပ်မေဦးဖြစ်ပြီးတော့ ဓာတ်ပုံလှလှလေးတွေကို ရိုက်ကူးပေးထားသူကတော့ ဓာတ်ပုံဆရာနေမင်းထွန်း ဖြစ်ပါတယ်။အွန်ဆိုင်းဟာ ရှိုးပွဲများစွာကိုလျှောက်ခဲ့ပြီး ၀ါရင့်သဘာရင့်မော်ဒယ်တစ်ယောက်လဲဖြစ်ပါတယ်။ပုံစံကျကျကြည့်ကောင်းတဲ့ မော်ဒယ်တစ်ယောက်ရဲ့ မျက်နှာမျိုးကိုပိုင်ဆိုင်ထားသူပါ။သူမကတော့ ဒီပွဲမှာခပ်ဟော့ဟော့ပုံစံလေးနဲ့ပွဲထွက်လာခဲ့ပါတယ်။

source - အွန်ဆိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။