ပရိသတ်တွေအားကျရတဲ့ အိမ်ထောင်ရေးပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မိုးယုစံတစ်ယောက်လည်း ပါ၀င်ပါတယ်။

သူမကတော့ မင်္ဂလာပွဲများစွာကျင်းပခဲ့ပြီး သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းနဲ့ မိသားစုကို ပိုင်ဆိုင်ထားရတဲ့ မင်းသမီးတစ်လက်ပါပဲ။

အိမ်ထောင်ကျပြီး တစ်နှစ်အကြာမှာ သားသားလေးတစ်ယောက်မွေးဖွားထားတဲ့ မိုးယုစံကတော့ သူမရဲ့ သားသားလေးအကြောင်းကို အခုလိုပဲ ဖောက်သည်ချလိုက်ပါတယ်။

“Austin လေးကို ဖိုးပြုံးချို လို့ ပရိတ်သတ်တွေကချစ်စနိုးခေါ်နေကြတော့ ဟိုတနေ့က ပရိတ်သတ်တယောက်ကပြောတယ် မိုးယုစံသားလေးက နာမည်ပေးပီပီ ဖိုးပြံုချို တဲ့ပေးရသေးပါဘူးကွယ် အမြဲ အပြံုးလေးက ချိုလို့ ချစ်စရာသည်းတုံးလေး ဘိုးဘိုးဘွားဘွား ဖိုးဖိုးဖွားဖွားအသည်းတွေကြွေပါပီ မာမီ ဒယ်ဒီအသည်းတွေလည်းကြွေပါပီကွယ်” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စ်မှာ သားသားပုံလေးတွေနဲ့အတူ တင်ထားတာပါ။

ဖိုးပြုံးချိုလေးလို့ ပရိသတ်တွေကြားအချစ်ပိုနေရတဲ့ သားဖြစ်သူ Austin လေးဟာ အခုချိန်ထိ နာမည်အရင်းမပေးရသေးပေမယ့်လည်း မွေးထဲက မျက်နှာပြုံးပြုံးလေးနဲ့ ရောက်လာသူလေးမို့ ထူးခြားတာတော့အမှန်ပါပဲ။

မိခင်တစ်ယောက်ဘဝကို ကျေနပ်ပီတိဖြစ်နေတဲ့ မိုးယုဟာ သူမရဲ့ သားလေးရဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်ပေါ် မကြာခဏ မျှဝေလေ့ရှိပြီး ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခံနေရတဲ့ အနုပညာရှင်တစ်ဦးပါ။

လက်တလောမှာတော့ သူမရဲ့ သားသားလေးကို ဖိုးပြုံးချိုလေးလို့ နာမည်တွင်နေပြီး သားသားကတော့ တစ်လကျော်ရှိသေးပေမယ့် ဂျီကျတာမျိုးမရှိပဲ အမြဲတမ်းပြုံးရွှင်နေတဲ့မျက်နှာလေးပိုင်ဆိုင်ထားပါတယ်။ပရိသတ်ကြီး မိုးယု သားလေး ချစ်ဖို့ကောင်းတယ်ဟုတ်။ 

Source : Moe Yu San fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။