မန္တလေးကတော့ လူဦးရေထူထပ်တဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ဒါ့အပြင် လမ်းများကလည်း ပိတ်နေတတ်ပါတယ်။ ထိုအထဲမှာမှ သီရိမန္တလာကားကွင်းလည်း အပါအဝင်ဖြစ်ပါတယ်။ ထို့ကြောင့် သီရိမန္တလာကားကွင်းကို ပိုမိုကျယ်ပြန့်သည့် ၄၁ လမ်းသို့ ပြောင်းရွှေ့၍ အဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားခဲ့ပါတယ်။

အဆိုပါ စကားကို ဒီဇင်ဘာ ရတွင် ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန်က အဝေးပြေးကားကြီးကွင်းများကို ပြည်သူများ သွားလာရေး အဆင်ပြေရန်နှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူလျှင်မြန်အောင် အဆင့်မြှင့်တင်၍ အကြီးစားပြင်ဆင်ရန် အစီအစဉ် ရှိမရှိ မေးခွန်းမှုအပေါ် ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းပဲဖြစ်ပါတယ်။ သို့ရာတွင် ကားကွင်းကို မည်သည့်အချိန်တွင် ပြောင်းရွှေ့မည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ မန္တလေးရှိ သီရိမန္တလာကားကြီးကွင်းသည် အကျယ်အဝန်း ၂ ဒသမ ၈ ဧကဖြင့် တည်ဆောက်ထားပြီး ကားကွင်းနှင့် သက်ဆိုင်သည့် ယာဉ်လိုင်းပေါင်း ၁၄၀ ခန့် ရှိပါတယ်။ သို့သော် နေရာအခက်အခဲကြောင့် အသင်းပေါင်း ၈၀ ခန့်သာ ကားကွင်းအတွင်း နေရာပေးထားနိုင်ကြောင်း အဆိုပါကားကွင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီထံမှ သိရပါတယ်။ သီရိမန္တလာကားကြီးကွင်းကို ၁၉၉၆ ခုနှစ်က ၈၉ လမ်းနှင့် ၂၃ လမ်းထောင့်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ကားကွင်းသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများ ရပ်နားရာကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

Source – The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။